ဖတ် ပတ် ဘတ်

၁။ ဆရာရေးတဲ့ post တခုမှာ ရင်ဖတ်လို့ ရေးထားတာ တွေ့လို့ပါဆရာ။ အရင်က ရင်ဘတ်လို့ပဲ သိထားခဲ့ပြီး ဆရာရေးတော့မှ ရင်ဖတ်လို့ သိရတာပါ။ အဲ့ဒီ ရင်ဖတ် နဲ့ ရင်ဘတ်ကို သေချာရှင်းပြတဲ့ post တင်ပေးပါဦးဆရာ။ ကျမက မြန်မာစာလုံးပေါင်းသတ်ပုံကို ကြိုးစားပြီး မှန်အောင်ရေးချင်ပါတယ်။ အခြားသူများကို ပြင်ပေးတဲ့အခါမှာလည်း ဆရာ့စာကိုသာ ကိုးကားပြီး ပြင်ပေးသင်ပေးတာမို့ အမှားတွေကိုလည်း ဆက်ပြင်ပေးပါဦးဆရာ။ 

၂။ ဆရာခင်ဗျာ ဆေးတို့ဖတ်နဲ့ ဆေးတို့ဘတ် လိုက်ရှာတာမတွေ့လို့ပါ ဘယ်ဟာအမှန်လဲခင်ဗျ

၃။ ဆရာ Linguistics ဘာသာရပ်ကို အထူးလေ့လာတဲ့သူ တယောက်အနေဖြင့် ဆရာတင်ပြထားသော မြန်မာစာ အရေးအသားကို အထူးလေ့လာခွင့်ရတာ အထူးကျေးဇူးတင်ပါတယ်။ ဆရာ့အတွက် အထောက်အကူများ ဖြစ်မလားလို့ ပုံပို့ ပေးလိုက်တာပါ။ ဆရာယုဒသန် ခေါ် Adoniram Judson က Hebrews နဲ့ Greek ဘာသာစကားဖြင့် ရေးသားသော ခရစ်ယာန်တွေသုံးတဲ့ ကျမ်းစာကို မြန်မာလိုနဲ့ ဘာသာ ပြန်ဆိုတဲ့အခါ တ ကို မလိုတဲ့နေရာမှာ တစ် မသုံးပဲ ရေးသားထားတာ တွေ့ရတယ်။ ပြီးတော့ ခုခေတ်မှာ ရေးတဲ့ ဖတ် (ကျမ်းစာဖတ်) ဆိုတာကိုလည်း ဘတ်လို့ သုံးထားပါတယ်ဆရာ။ ဆရာအချိန်ရရင် ဘတ်နဲ့တွဲသုံးရတဲ့ မြန်မာစာလုံးတွေကို ရေးပေးစေလိုပါတယ်ဆရာ။

၎။ ဆရာ ဖတ်ကို ဘယ်နေရာမှာ သုံးရမလဲရှင့်။

ကျွန်တော်လည်း မှားတဲ့အခါ မှားတယ်။ ဆောရီး။

ဖတ်
ကွမ်းဖတ်
ချဉ်ဖတ်
စာအံစာဖတ်
နိမိတ်ဖတ်
ဖတ်စာ (နောက်သုံး)
ဖတ်တငံ့ငံ့
ဖတ်ဖတ်ကျ
ဖတ်ဖတ်မော
ဖတ်ရွတ်
ဖတ်လတ်ဖတ်လတ်ကျ
ဖတ်လတ်ဖတ်လတ်နေသည်
ဖတ်သီဖတ်သီ
ရွတ်ဖတ်
ဝါဂွမ်းဖတ်
ဟင်းဖတ်
အန်ဖတ်
အဖတ်တင်
အရည်အဖတ်
အမွေးစုတ်ဖတ်
ပေါက်ဖက်ကောင်
လောင်ပူဖတ်ဖတ်
နှမ်းဖတ်

ဘတ်
ဂီလာနဘတ်
ဘတ်ဂျက်
ဘတ်စာ (ယခင်သုံး)
ဘတ်ငွေ
မတကဘတ်
ရင်ဘတ်
ဝိဘတ်
သံဃဘတ်

ဘဒ်
ရဟန်းသုဘဒ်

ပတ်
ခုနစ်ရက်တပတ်
တနှစ်ပတ်လုံး
ပတ္တကျည်ပင်
ပတ္တပိုဏ်ဓူတင်
ပတ္တမြား
ပတ္တလား
ပတ္တာ (တံခါး)
ပတ္တာခံ
ပတ္တာမြေ
ပတ္တူစ
ပတ္ထနာဆုတောင်း
ပတ်ကုံးဝန်းကျင်
ပတ်ချွဲနပ်ချွဲ
ပတ်ချာလည်
ပတ်စာခွာဖျာသိမ်း
ပတ်တီးစည်း
ပတ်တုတ်
ပတ်ပတ်နပ်နပ်
ပတ်ပတ်လည်
ပတ်ပျိုးသီချင်း
ပတ်ကြမ်းတုတ်
ပတ်ခြံ
ပတ်မကြီး
ပတ်ယတ်လက္ခဏာ
ပတ်ရံ
ပတ်ရစ်
ပတ်လည်
ပတ်ဝန်းကျင်
ပတ်သက်
ပတ်ခြောက်က
ပတ်မြှောင်
ပတ်
ကမ္ပတ်အိမ်
ခရုပတ်
ခုနစ်ရက်တပတ် (မြန်မာစာရေးထုံးကျမ်း သီရိပျံချီ ဦးသာမြတ်)
ငါးကြီးအန်ပတ်
စီကာပတ်ကုံး
ညစ်ပတ်
တံခါးပတ္တာ
တသက်ပတ်လုံး
တာလပတ်
တနှစ်ပတ်လုံး
ပဋ္ဋိပတ်
ပတ္တမြား
ပတ္တလား
ပတ္တရောင်လှည့်
ပတ္ထနာဆုတောင်း
ပတ်ချွဲနပ်ချွဲ
ပတ်ချာလည်
ပတ်စာခွာဖျာသိမ်း
ပတ်တီးစည်း
ပတ်တုတ်
ပတ်ပတ်နပ်နပ်
ပတ်ပတ်လည်
ပတ်ပျိုးသီချင်း
ပတ်ကြမ်းတုတ်
ပတ်ခြံ
ပတ်မကြီး
ပတ်ရံ
ပတ်ရစ်
ပတ်လည်
ပတ်လမ်း
ပတ်လွှမ်း
ပတ်ဝန်းကျင်
ပတ်သက်
ပတ်မြှောင်
ကြိုးနဲ့ပတ်
ရင်ပတ်
ရိုင်ပတ်ဖျာ
ရုပ်ပတ်
လုံးပတ်ပင်စည်
လည်ပတ်ပုဝါ
သုံးလေးပတ် (ပတ်လှည့်ခြင်း)
သမာပတ်
အနားပတ်
အပတ်တကုတ်
အာပတ်
အကြောင်းဗျုပ္ပတ်
ဥပပတ်
ကွေ့လည်ကြောင်ပတ်
ထောပတ်
လျောက်ပတ်တင့်တယ်
ဝေ့လည်ကြောင်ပတ်

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး