သီလရှင်

ဆရာရှင့် သီလရှင်၊ သီလယင် ဘယ်ဟာအမှန်လဲ သိပါရစေ။ ကျောင်းသုံးစာအုပ်နဲ့ ဆရာတော်ဘုန်းဘုန်းပြောတာနဲ့ မတူလို့ပါ။

မန္တလေးက သူငယ်ချင်းဆရာဝန်တယောက်က သီလရှင်တွေကို ဆွမ်းဆန်လောင်းတာ ဓါတ်ပုံက ဆန်းနေတယ်။ သီလရှင် သုတလိုက်ရှာကြည့်တယ်။ အရင်က သီလရှင်ဝတ်စုံက အဖြူရောင်ချည်းဖြစ်တယ်။ နောက်မှ အင်္ကျီကိုတော့ အဖြူရောင်၊ ခါးဝတ်နဲ့ အပေါ်ရုံကို မြေနီရောင်ဆိုး ဝတ်ကြလာတယ်။ စစ်ကိုင်းတောင် မဟာဂန္ဓာရုံ ဆရာတော်ကြီး ဘဒ္ဒန္တဥတ္တရမဟာထေရ် သြဝါဒ လမ်းညွှန်ချက်အတိုင်း သီလရှင်အဝတ်အထည်အားလုံး မြေနီရောင်ဆိုးပြီး ဝတ်ဆင်ကြရတာ ယနေ့ထိဖြစ်ပါတယ်။

မင်းတုန်းမင်းလက်ထက် သမီးတော်တွေကို စာချပေးတဲ့ သီလရှင်ဆရာကြီး မယ်ကင်းနဲ့ မယ်နတ်ပေး ထင်ရှားခဲ့တယ်။ မယ်ကင်းဟာ ရှမ်းကလေးကျွန်းဆရာတော်ရဲ့ နှမဖြစ်ပြီး ဗန်းမော်ဆရာတော်ကြီးနဲ့ စာချိုးဘက်လို့ လူသိများပါတယ်။ သီလရှင်ဆရာကြီးမယ်ကင်းဟာ မဏိပူ၊ ရှမ်းကသည်းလူမျိုးလို့ ဆိုပါတယ်။ ၁၁၆၇ ခုနှစ်မှာ ဖွားမြင်ပြီး ၁၂၄၄ မှာ ကွယ်လွန်တယ်။ သူမြန်မာပြည်ရောက်တော့ ခြောက်နှစ်အရွယ်သာရှိသေးပြီး မိဘတွေနဲ့အတူ အင်းဝမြို့မှာနေထိုင်တယ်။ ၁၂ နှစ်သမီးမှာ သီလရှင်ဝတ်တယ်။ ဘွဲ့က မယ်ခေမာ။ သီလရှင်သာသနာမှာ ရှေ့သွားခေါင်းဆောင်စံပြဖြစ်လာတယ်။ မင်း မိဖုရား ဆွေတော်မျိုးတော်တွေက ပူဇော်ကြည်ညိုကြတယ်။ သီလရှင်အစ ထွဋ်ခေါင်က၊ သီလရှင်အစ မယ်ကင်းကလို့ ဥဒါန်းတွင်ပါတယ်။

သီလရှင်လို့ အမည်အသုံးမပြုသေးမီက သောပ္ပယို သောပ္ပယာ သီတင်းသုံးစတဲ့ အမည်တွေသာ ခေါ်ဝေါ်သုံးစွဲခဲ့ကြတယ်။ အလောင်းမင်းတရားကြီးလက်ထက်တော်ကစပြီး သီလရှင်အမည် စတင်သုံးစွဲလာတယ်လို့ ဆိုပါတယ်။ အရင်က သီတင်းသုံး၊ သီတင်းသည် စသဖြင့် ခေါ်ခဲ့ပြီး မြိတ်ထားဝယ်ဘက်မှာ မိရှင်လို့ ခေါ်ကြောင်း လူထုဒေါ်အမာက ရေးပါတယ်။ ရခိုင်မှာ သူတော်မလို့ အရပ်ခေါ်ခေါ်ကြတယ်။ စံကိုက်စကားအရ သီလရှင်၊ မယ်လီလရှင်လို့သာ ခေါ်တယ်။ အညာမှာလည်း သီလရှင်၊ မယ်သီလ၊ ဖွားသီလရှင်လို့ ခေါ်ကြပါတယ်။ ဆရာလေးလို့လည်း ခေါ်ကြတယ်။ သီလရှင်နေတဲ့ အဆောက်အအုံကို ဇရပ်လို့ ခေါ်တယ်။ မြန်မာနိုင်ငံမှာ သီလရှင်အရေအတွက် အခု ခြောက်သောင်းခန့် ရှိတယ်လို့ဆိုပါတယ်။

ကျွန်တော့်သမီးနဲ့ တူမတွေ ကျောင်းအားရက်မှာ သီလရှင်ဝတ်ကြတယ်။ အမျိုးသမီးစာရေးဆရာမတွေက ရာသက်ပန် သီလရှင်ဝတ်တာကို အားမပေးဘူးလို့ သူတို့ဝတ္ထုတွေမှာရေးကြောင်း မှတ်ချက်တခုဖတ်ရတယ်။ ကျွန်တော့်အမြင်ကတော့ ကိုရင်ဖြစ်ဖြစ်။ ဒုလ္လဘရဟန်းဖြစ်ဖြစ်၊ သီလရှင်ဖြစ်ဖြစ်၊ ၇ ရက်ဝတ်နိုင်ဝတ်နိုင်၊ ရာသက်ပန်ဝတ်ဝတ် အားပေးတယ်။ သီလ စောင့်ထိန်းတယ်ဆိုတာ သီလဘယ်နှစ်ပါးဖြစ်ဖြစ်၊ အချိန်ကာလ ဘယ်နှစ်နာရီ၊ ဘယ်နှစ်ရက်ဖြစ်ဖြစ် ကောင်းကျိုး ရစေတယ်။

ကျွန်တော် ဆရာဝန်ဖြစ်ကတည်းက ဘုန်းတော်ကြီးနဲ့ သီလရှင်တွေကို ဆေးကုပေးရတာ ပိုက်ဆံမယူပါ။ စစ်ကိုင်းမှာ တာဝန်ကျစဉ်က သီလရှင်တွေကိုပါ ဆေးကုပေးခဲ့တယ်။ သီလရှင် ကျောင်းဇရပ်တွေ သွားရတာ စိတ်ချမ်းသာစရာ ကောင်းတယ်။ အနေအထိုင် အထားအသို သပ်ရပ်သန့်ရှင်းတယ်။ ပိုက်ဆံ မယူတော့ ပိုရတယ်။ အပြန်မှာ သူတို့ကိုလှူထားတဲ့ လူသုံးပစ္စည်းတွေပေးကြတယ်။ ဆပ်ပြာခဲ၊ မျက်နှာသုတ်ပဝါ စသည်။ အဲဒီခေတ်က မဆလ ခေတ်ဖြစ်လို့ ဘာမဆိုရှားပါးတဲ့ခေတ်။ ကျေးဇူး။

အဲဒီစာရေးတော့ ကွန်မင့်တခုရတယ်။

Sayalay Ñāna Saccā ဆောင်းရာသီမို့ ရာသီဥတုဒဏ်ခံနိုင်အောင် ခေါင်းပေါင်းပေါင်းထားတာလဲ ဖြစ်နိုင်ပါတယ် ဒကာကြီး။ တပါးကို အရောင်တမျိုးနဲ့ ပုံစံတမျိုးဆို မညီမညာနဲ့ disorganised မဖြစ်နေအောင်လို့ များလားလို့ ခန့်မှန်းကြည့်ရတာပါပဲ။ ရွှေတောင်ကုန်းဆရာတော်ဘုရားကြီး ဦးပဏ္ဍိတကတော့ သီလရှင်အစား သိက္ခာရှင်လို့ ခေါ်ပါတယ်။ သီလတင်မဟုတ်ပါပဲ သိက္ခာသုံးပါး (သီလ၊သမာဓိ၊ ပညာ) နဲ့ ပြည့်စုံသူ/ ပြည့်စုံအောင်ဆည်းပူးနေသူမို့ သိက္ခာရှင်လို့ ခေါ်ဝေါ်ကြောင်းသိရပါတယ်။ ဆရာတော်ဘုရားကြီးမရှိတော့ပေမယ့် ရွှေတောင်ကုန်းရိပ်သာမှာတော့ သိက္ခာရှင်လို့ပဲ ခေါ်ဝေါ်သုံးစွဲကြပါတယ်။ ဗုဒ္ဓမြတ်စွာသာသနာကြီး အဓွန့်ရှည်တိုးတက်ပါစေ။ သီလရှင် ဆရာလေးများ၏ ဘဝနှင့် သိက္ခာသုံးပါးလဲ တိုးတက်ကြပါစေ။ သာသနာကို ထောက်ပံ့စောင့်ရှောက်နေကြသော ဒကာ၊ ဒကာမများ၏ ဘဝလဲ ဖွံ့ဖြိုးတိုးတက်ကြပါစေ။

ကျေးဇူး။ သိက္ခာလို့ဖြည့်ပေးတာ အလွန်မှန်တယ်။

ယင်
ကယုကယင်
တန်းဆာဆင်ယင်
တုန်တုန်ယင်ယင်
တုယင်မှန်ကင်း
ဒက္ခိဏယဉ်
ယင်ပျားကောင်
ယင်မမဲရိုင်း
ယင်ရဲ
ယင်ကောင်
ယင်ချေးဥ
ယင်ပေါင်ငှက်
ယင်ပေါင်စာငါး
ယဉ်စွန်းတန်း
ယဉ်ပါး
ယဉ်ပိုက်
ယဉ်မင်းရုပ်
ယဉ်လွန်ဆင်
ယဉ်သွား (ရက်ကန်း)
ယဉ်ကျေးသည်၊ ယဉ်ကျေးမှု
ယဉ်ထွေးဧရာ
ယဉ်အောင်ပြုသည်
ရက်ကန်းယင်သွား
လက်မယဉ် = လက်ဆော့သူ
လင်းယဉ်တိုင်
ဥတ္တရယဉ်
ယောင်ယင်ငှက်
ရေယင်မျှော်ရွာ
အေးယဉ်ကျူး

ရင်
ကရင်လူမျိုး
ထဘီရင်ရှားဝတ်ထားသည်၊
ဘုရားရင်ပြင်တော်၊
ရင်ကမ်းပန်း၊
ရင်ကွဲစရပ်
ရင်ကွဲမြှုံး
ရင်ကျပ်ရောဂါ
ရင်ခတ်ပင်
ရင်ခွင်ပိုက်
ရင်ခုန်သံ၊ ရင်ခုန်သည်
ရင်ချင်းဆိုင်
ရင်စည်းပဝါ
ရင်စို့ (နေရာ)
ရင်တွန်း (ငါးဖမ်း)
ရင်တုန်
ရင်ထုမနာ
ရင်ပတ်စည်တီး
ရင္ဖံုးအက်ႌ
ရင်ကြားစေ့
ရင်ဘတ်၊ ရင်ဘတ်စည်တီး၊
ရင်ပြင်တော်
ရင်သပ်ရှုမော
ရင်သပ်အံ့သြ
ရင်သား
ရင်အုံ
ရင်အုပ်၊ ရင်အုပ်မကွာ
ရင်ချောင်
ရင်စေ့အင်္ကျီ
ရင်ပေါင်တန်း
ရှင်ဘုရင်
ကျောင်းရင်ပြင်
စေတီရင်ပြင်

ဒေါက်တာတင့်ဆွေ
၂၄-၁၂-၂၀၁၉
၉-၄-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး