ဘုရားပန်းတင်

ဘုရားစင်လို့ မရေးရဲတာကြာပြီ။ မိဘဘိုးဘွားလက်ထက်ကတည်းက ဘုရားစင်ကို ဘုရားစင်လို့သာ ရေးတာ။ ကျောင်းဆောင်ရေးပါလို့ လာလာပြောကြတာ ဆဲ့လေးငါးယောက်မကရှိပြီ။ ပြန်ရှင်းပြနေရတာ အချိန်ကုန်လွန်းလို့။

တနေ့ကလည်း သရက်သီးအလုံးလိုက် ဆွမ်းတော်တင်တာကြည့်ပြီး အဲလိုမကပ်ရဆိုပြီး ဆရာလာလုပ်ကြလို့ ယုန်မင်းဝတ္ထု သဓကထုတ်ပြလိုက်ရတယ်။

မြတ်စွာဘုရားဟာ ဗောဓိညောင်ပင်ခြေရင်းမှာ ဉာဏ်အလင်းရခဲ့တယ်။ ကျောင်းတော်ကြီးမှာ မဟုတ်ပါ။ အင်ကြင်းတောမှာ တရားဟောတယ်။ သရက်ဥယျာဉ်တွေမှာ သီတင်းသုံးတယ်။ ပလလဲတောမှာ တဝါဆိုခဲ့တယ်။

ဒီတခါ ဘယ်နှစ်ယောက်က ကျောင်းဆောင်လို့ အရေးခိုင်းမလဲ မသိ။ အိမ်ကဘုရားစင်ကို အထင်သေးကြတာတော့ သဘောကျပါတယ်။ ကျေးဇူး။

ဒေါက်တာတင့်ဆွေ
၁၃-၄-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး