Coronavirus Medicines ဂူဂယ်လ်သည် မျက်နှာမလိုက် ကရိုနာဗိုင်းရပ်စ်သည် မျက်နှာမလိုက်

၁။ သတင်းတွေအရတော့ ဒီဆေးက မျှော်လင့်ချက်ရောင်ခြည်ပေါ့ခင်ဗျာ။ တရားဝင်မထုတ်ပြန်သေးပေမယ့် တရာကျော်မှာ ၂ယောက်ကလွဲပြီးကျန်တာပျောက်တယ်ဆိုတော့ တဝက်တော့စိတ်အေးထားတယ်။ ကျန်တာတော့ ဆေးပညာအကြောင်း မသိပါဘူးဗျာ။ အဲ့သတင်းလေးကို google မှာလဲ ရိုက်ရှာကြည့်ပေါ့။ ကျွန်တော်လဲပျော်စေချင်လို့ သိသလောက် ဝေမျှတာပါ။

ဖြေရတာ နည်းနည်းတော့ မောပြီ။

၂။ ကျေးဇူးပါ ပျော်ချင်လို့ ဆရာဆီမှာ ထောက်ခံချက်တောင်းတာ တိကျတဲ့မှတ်ချက် မရလို့စိတ်မကောင်းပါ

ဖြေရတာ နည်းနည်းတော့ မောပြီ။

၃။ Remdesivir ဆေးကရော စမ်းသပ်ချက် အောင်မြင်တယ်ဆိုတာ မဟုတ်ဘူးလားခင်ဗျ

ဖြေရန် မရှိ။ ဖတ်လျှင် သိ။

၎။ ဆရာ ဒါကိုရော အတည်သက်မှတ်လို့ရမလားဗျ။

စာထဲမှာ ပါတယ်။ စမ်းသပ်တာနဲ့ အတည်ပြုချက်ရတာ မတူ။

၅။ မင်္ဂလာပါ ဆရာ ဆရာပြောတဲ့ covid-19 အတွက်သောက်ဆေး Azithromycin နဲ့ Hydrochloquine ကို တနေ့ ဘယ်နှစ်ကြိမ်သောက်သင့်ပါသလဲဆရာ ဗဟုသုတအနေနဲ့သိချင်လို့ပါဆရာ

စမ်းသပ် ကုသပေးနေတဲ့ ဆရာဝန်ညွှန်တဲ့အတိုင်းသာ သောက်သင့်။

1. This combination of two antiviral drugs, lopinavir and ritonavir, is used to combat HIV. It’s widely available, and several clinical trials around the world are underway.
2. Remdesivir was developed by Gilead Sciences to fight Ebola but failed to prove effective.
3. Chloroquine (hydroxychloroquine/Plaquenil), a drug used to treat malaria and arthritis,
4. Favilavir, the first approved coronavirus drug in China
5. Airway Therapeutics is exploring its novel human recombinant protein named AT-100 (rhSP-D) as a treatment for coronavirus.
6. Tiziana Life Sciences is developing its monoclonal antibody named TZLS-501 for the treatment of COVID-19. TZLS-501 is a human anti-interleukin-6 receptor (IL-6R), which helps in preventing lung damage and elevated levels of IL-6.
7. OyaGen’s OYA1 has shown strong antiviral efficacy against coronavirus in laboratory essays. It was found to be more effective than chlorpromazine HCl in inhibiting SARS-CoV-2 from replicating in cell culture.
8. BeyondSpring’s BPI-002 is a small molecule agent indicated for treating various infections including COVID-19.
9. I-Mab Biopharma is developed TJM2, a neutralising antibody, as a treatment for cytokine storm in patients suffering from a severe case of coronavirus infection. The drug targets the human granulocyte-macrophage colony-stimulating factor (GM-CSF), which is responsible for acute and chronic inflammation.
10. Losartan, hypertension drug reduces blood pressure by preventing a hormone called angiotensin from binding to receptors on blood vessels, allowing them to stay relaxed.

ရောဂါပိုးကရောဂါအသစ်။ တကမ္ဘာလုံးမှာ ကုသဆေးနဲ့ ကာကွယ်ဆေးကို စနစ်တကျလုပ်နေကြတယ်။ ဆေးတွေ ကာကွယ်ဆေးတွေကို ဒို့စ် ခေါ် တနေ့ ဆေးအလေးလျိန်နဲ့ ဘယ်နှစ်နာရီခြားပေးမလဲ၊ ကို့စ် ခေါ် ဘယ်လောက် ကြာပေးမလဲ စမ်းသပ်ကြရတယ်။ ဓါတ်ခွဲခန်းထဲ စမ်းတယ်။ သက်ရှိအကောင်တွေ စမ်းမယ်။ နောက် လူ ဗော်လန်တီယာ ခေါ် စမ်းသပ်ခံဘို့ သဘောတူသူတွေကို စမ်းမယ်။ စမ်းသပ်မှုတွေကို ဆန်းစစ်ပြီး ကောက်ချက်ချရတယ်။ FDA ကို တင်ပြရတယ်။ မှန်ရင် အတည်ပြုချက် ပေးလိုက်ပြီး ဈေးကွက်ထဲ ရောက်လာမယ်။

1. Coronavirus အလွဲအမှားတွေကို အကုန်ပြန်ဖြေချိန် မရှိပါ https://doctortintswe.blogspot.com/2020/03/coronavirus_70.html
2. Hydroxychloroquine ဟိုက်ဒရောက်ဆီကလိုရိုကွင်း https://doctortintswe.blogspot.com/2020/03/hydroxychloroquine.html
3. Coronavirus Medicines ကိုရိုနာဗိုင်းရပ်စ်ကုသရေး စမ်းသပ်နေတဲ့ဆေး https://doctortintswe.blogspot.com/2020/03/coronavirus-medicines_24.html
4. Avigan အေဗီဂင် ကိုရိုနာဗိုင်းရပ်စ် ကုသဆေး သတင်း https://doctortintswe.blogspot.com/2020/03/avigan.html
5. Donald Trump Has Stake In Hydroxychloroquine Drugmaker ဒေါ်နယ်ထရမ့် နှင့် ငှက်ဖျားဆေး https://doctortintswe.blogspot.com/2020/04/donald-trump-has-stake-in.html

၁။ အခုစာရေးနေတဲ့အချိန်အထိ အမေရိကန် CDC ကနေ covid-19 အတွက် အတည်ပြုချက်ပေးထားတဲ့ဆေး မရှိသေး။
၂။ ကာကွယ်ဆေး လူတွေကို စတင်စမ်းသပ်နေဆဲ။ ဈေးကွက်ထဲရောက်ဖို့ တနှစ် တနှစ်ခွဲကြာနိုင်။
၃။ အမေရိက အရီဇိုနာမှာ ကလိုလိုကွင်းငှက်ဖျားဆေးသောက်တဲ့ အသက် ၆၀ ကျော် လင်မယားနှစ်ယောက် ဆေးရုံတက်ရပြီး ယောက်ျား သေဆုံးသွားတယ်။

သတင်းဆိုတာ စက္ကန့်တိုင်းမှာ အသစ်တက်တယ်။ တင်ထားတာ မဟုတ်ပြန်ရင် ထပ်ရေးတယ်။ ဂူဂယ်က မျက်နှာမလိုက်။ အမှားလည်းတင်လို့ရ။ အမှန်လည်း တင်လို့ရတယ်။ ကရိုနာဗိုင်းရပ်စ်ကလည်း မျက်နှာမလိုက်။ မှားရေးသူလည်း ကူးနိုင်တယ်။ အမှန်ရေးသူတွေကိုလည်း ကူးနိုင်တယ်။ ဖြေရတာ နည်းနည်းတော့ မောပြီ။

လူနည်းနည်းလေးစမ်းတော့ အဖြေကောင်းတာရတယ်။ နောက်တယောက်ကျ သေရော။

ဒေါက်တာတင့်ဆွေ
၁၇-၄-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး