Saturday, April 4, 2020

Pandemics ရောဂါကပ်ကြီးများ

မြန်မာနိုင်ငံမှာ အဆိုးဆုံးရောဂါကပ်ကြီးက Plague Pandemic ပလိပ်ကူးစက်ရောဂါဖြစ်ပါတယ်။ ၁၈၅၅ ခုနှစ် တရုပ်ပြည် ယူနန်မှာ ဖြစ်တယ်။ တတိယပလိပ်ကပ်ကြီးလို့ခေါ်တယ်။ လူပေါင်း ၁၂ သန်း သေဆုံးတယ်။ မြန်မာပြည်ကိုပါ ကူးစက်တယ်။ ၁၉၀၆ ခုနှစ် စာရင်းအရ ၈၆၃၇ ယောက်သေဆုံးတယ်။ ဗြိတိသျှ ကိုလိုနီလက်အောက်မှာ။

Smallpox ကျောက်ကြီးရောဂါလည်း ကပ်ကြီးဖြစ်တယ်။ ၁၉၇၇ ခုနှစ်ရောက်မှသာ ပပျောက်သွားတယ်။

၁၉၄၇ ခုနှစ်မှာ တခါ ပလိပ်ကပ်ဖြစ်ပြန်တယ်။ ၁၁၉၂ ယောက်သေဆုံးတယ်။ ကျွန်တော့အဖေရဲ့ မိဘနှစ်ပါးလုံး ပါသွားတယ်။ ၂၀၁၀ မှာ အဲလောက်မများပေမဲ ရန်ကုန်ဝန်းကျင်မှာ ထပ်ဖြစ်သေးတယ်။

Cholera Pandemic မြန်မာပြည်မှာ ပဌမဆုံး ကာလဝမ်းရောဂါကပ်ကြီးက ၁၈၁၇-၁၈၂၃ မှာ ဖြစ်ခဲ့တယ်။ ဒုတိယ ကာလဝမ်းရောဂါကပ်ကြီးက ၁၈၄၂-၁၈၄၃ မှာဖြစ်တယ်။ ၁၈၅၃-၁၈၅၄ ရခိုင်မှာဖြစ်တယ်။ မြန်မာပြည်မှာ ၁၉၀၁ အထိ စုစုပေါင်း ခြောက်ကြိမ် ဖြစ်ခဲ့တယ်။ ၂၀၁၆ ခုနှစ်က ၇၈၂ ယောက် ဖြစ်သေးတယ်။

H1N1 (swine flu) ကူးစက်ရောဂါ ၁၉၁၈-၁၉၁၉ မှာဖြစ်တယ်။ Avian Influenzas (bird flu) လည်းဖြစ်ခဲ့တယ်။ SARS ဆားစ် နဲ့ဆင်တာ ၂၀၁၈ မှာဖြစ်တယ်။

ကာလဝမ်းရောဂါကပ်နဲ့ နဖူးတွေ့ဒူးတွေ့ကြုံခဲ့ရတယ်။ ကျွန်တော် ဆရာဝန်ဖြစ်ပြီ။ ဆေးရုံကုတင်မပေးနိုင်။ လူနာတွေက ဖျာယူလာကြရတယ်။ ဆေးပုလင်းတွေကို မြို့တက်ဝယ်ရတယ်။ လူနာတွေကို လက်တွေရော ခြေထောက်တွေကပါ ဆေးသွင်းရတယ်။ သွေးကြောရှာမရသူတွေကို ခွဲစိတ်နည်းနဲ့ရှာယူ သွင်းပေးရတယ်။ နဖူးတွေ့ဒူးတွေ့ဆိုတာ အမှန်။ ကျွန်တော်ပါ ဖျာပေါ်ထိုင် လုပ်ကိုင်ပေးရတာ။ အဲဒီခေတ်မှာ ဆရာဝန်တွေ သူနာပြုတွေကို အပြစ်ဆိုတာ အတော်နည်းသေးတယ်။ ကျေးဇူး။

ကျွန်တော်တို့နိုင်ငံက အဲလိုဘဝတွေကို ဖြတ်သန်းလာခဲ့တာပါ။

ဒေါက်တာတင့်ဆွေ
၎-၄-၂၀၂၀

No comments:

Post a Comment

Note: Only a member of this blog may post a comment.

Djenkol bean တညင်းသီးကျန်းမာရေး

၁။ တညင်းသီးက ကျောက်ကပ်ကို ထိခိုက်ပျက်စီးစေတယ်ဆိုတာ ဟုတ်ပါသလား ဆရာ ၂။ ဆရာကခင်ဗျာ၊ တညင်းသီးက လူခန္ဓာကိုယ်အတွက် အကျိုးပြုပါသလားခင်ဗျာ ကျန...