Upside Down ဇောက်ထိုးကို အတည့်ဟုခေါ်သည်

ဆွေမတော်မျိုးမစပ်သူတွေကို အမျိုးတွေတဲ့။
အဖေ အမေမဟုတ်သူဆီကို စာရေးကြတာ သမီးကတဲ့။ သားကတဲ့
ကိုယ့်ထက်ကြီးလည်း ကောင်လေးတဲ့။
လူမြင်ရင် အဘခေါ်တဲ့ခေတ်ကနေ စတယ်။

မျက်နှာမမြင်ရတာကို ဖေ့စ်ဘွတ်တဲ့။
မိတ်ဆွေ မဟုတ်ရင် ဖရင်းတဲ့။
လိုက်ခ် ထဲမှာလည်း မကြိုက်လို့လုပ်တာ ပါနိုင်တယ်။
ဘလော့ထားသူ အကောင့်သစ်နဲ့ ဖရင်းဖြစ်သတဲ့။

ကိုရိုနာ မကာကွယ်နည်းကို အိမ်ဦးခန်းမှာ ကပ်ထားကြတယ်။

ဒေါက်တာတင့်ဆွေ
၅-၄-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး