Wet Market ကုန်စိမ်းဈေး

ကရိုနာဗိုင်းရပ်ရောဂါ မြစ်ဖျားခံရာလို့ ကနေ့အထိယူဆရတဲ့ တရုပ်ပြည် ဟူဘိုင်းပြည်နယ် ဝူဟန်မြို့ကို ပြန်ဖွင့်လိုက်ပါပြီ။ အဲဒီက ပင်လယ်စာတွေ သားစိုငါးစိုတွေရောင်းချတဲ့ ဈေးကနေ ဇာတ်လမ်းစခဲ့တာ။

ကျန်းမာရေးပညာရှင်တွေကတော့ အဲဒီကနေ ဒုတိယအကြော့ ပြန်ဖြစ်မလားလို့ စိုးရိမ်မှုတွေရှိတယ်။

အမေရိကန်သမတက  စီးပွါးရေးလုပ်ငန်းတွေကို မြန်မြန်ပြန်ဖွင့်ချင်နေတယ်။ ဒါ့ပြင် ကူးစက်ရောဂါကြောင့် သေဆုံးရမှုနဲ့ စီးပွါးရေးထိခိုက်မှုကို ယှဉ်ကြည့်ရင် လူသေတာက lesser of two evils အသေးစားဆိုးဝါးမှုသာဖြစ်တယ်လို့ ရီပတ်ဘလီကန် ကွန်ဂရက်အမတ် တယောက်က မနေ့က ပြောတယ်။ တခြားလူမဟုတ်ပါ ကျွန်တော်တို့နေထိုင်ရာ အင်ဒီယာနာ ပြည်နယ်က Trey Hollingsworth ဟိုးလင်းစ်ဝါ့သ် ဖြစ်ပါတယ်။ အင်ဒီယာနာမှာ မြန်မာပြည်လာနေသူ တသောင်းကျော် ရှိတယ်။ မြန်မာပြည်က ခရစ်ယန် ဘာသာဝင်အများစု (အားလုံးတော့ မဟုတ်ပါ) က ဒေါ်နယ်ထရမ့်ကို အတော်ကို ကြိုက်ကြတယ်။

မြန်မာပြည်က ကုန်စိမ်းတန်း ကုန်စိမ်းဈေးတွေကို သတိပြုပြီး သွားလာ ရောင်းဝယ်ကြစေချင်ပါတယ်။ မြန်မာပြည်သားတွေ ဘယ်မှာနေနေ ရောဂါကပ်ဘေးက ဝေးကြပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၁၅-၄-၂၀၂၀
ပုံ ၂၅-၂-၂၀၂၀ နေ့က ဟောင်ကောင် ကုန်စိမ်းဈေး။

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး