ရှည်သောလျှာအား ကြိုးနှင့်တုပ်ထားခြင်း

ထမင်းရေးရမှာကို တမင်းလို့ရေးမိတယ်။ ဆောရီး။ ညအိပ်ခါနီးရေးတဲ့စာတိုင်း အမှားမပါတာ ရှားတယ်။ မနက်ထမှ လိုက်ပြင်ရတာယ်။ အမှားမပါ ဒေါက်တာတင့်ဆွေမဟုတ်။ ကွန်မင့်တွေရတယ်။

၁။ တစ်ဇွန်းဟု ရေးရမည်ထင်ပါသည်။
၂။ ဒေါက်တာက ခေတ်သစ်သတ်ပုံကို မလိုမကျသူတစ်ယောက်မလို့ [တခု တကောင် တယောက်လို့ သုံးနေတာပါ။  အရာရှိစာမေးပွဲတွေမှာ ဒေါက်တာရဲ့တချို့သတ်ပုံတွေ သွားသုံးရင် မျိုးကန်းသွားမှာ
၃။ ထမင်း၊ တစ်ဇွန်း၊ လျှော့စား

တတွေကို မလိုအပ်ပဲ စသတ်ခိုင်းတားတယ်။ မလိုအပ်ပဲ စသတ်တာ လျှာရှည်တာ။ လိုတာထည့်မရေးတာ ကြိုးနဲ့တုပ်ခံထားရတာ။ မျိုးကန်းတာလို့ ခေါ်သတဲ့။ မျိုးချစ် ဘာသာချစ်တွေကလည်း ခေတ်စားတာကိုး။

• အစာအိမ်ဆေးပေးလိုက့်တယ်။ ဓာတ်မှန်လဲရိုက့်ပြီးပါပြီ။ သမီးတို့ဘာလိုလုပ့်ရမလ ကျေးဇူးပြု့ပြီး။ အခု့ဆေးရုံ ဆရာမက ဆန်ပြုတ့်ပဲတိုက့်ခိုင်းပါတယ်။ မသက့်သာပါဘူး အောက့်ကဆေးက ရက်ချိန်းကပေးတဲ့ဆေးပါ အခု့ချိန်ထိ့ငိုနေတုံပါပဲ ဘယ်လိုလုပ့်ရမလဲ
• ဆရာရှင့် သမီးလက့်က လက့်ဆစ် လက့်ချောင်း လက့်ကောက့်ဝတ်တွေ မလူပ့်နိုင်လောက့်အောင် ကိုက့်ပါတယ်ရှင့် ရောင်တာမရှိပါဘူးရှင့် ညောင်းပီကိုက့်တာပါ ရှင့်
• နဲနဲလေးတော့လွဲနေပြီ ဘယ်သူထံကိုမှမပို့ ပါ အကောင့်တု့ သာဖြစ်ပါလိမ့်မည်
• မင်္ဂလာပါဆရာ ခလေးသိပ့်တာလား သိမ့်တာလား ဘယ်ဟာသုံးရမလည်းဆရာ
• ယထာဘူတကျကျဆိုတဲ့ အဓိပ္ပါယ် ကို သိပ့်နားမလည် ဖြစ်နေတယ် ဆရာ
• သမီးလက့်က လက့်ဆစ် လက့်ချောင်း လက့်ကောက့်ဝတ်တွေ မလူပ့်နိုင်လောက့်အောင်ကိုက့်ပါတယ်ရှင့် ရောင်တာ မရှိပါဘူးရှင့် ညောင်းပီကိုက့်တာပါရှင့်။
• သမီးအသက် ၃၂ပါ အိပ်ဆေးအကြောင်းသိ့ခြင်လို့ပါ အိပ်ဆေးဟာ လိုတာထက်ပိုသောက်ရင် ဘာဖြစ်တတ်လည်း ဥပမာ ၅လုံး လောက်ထိ့သောက်မယ်ဆိုရင်ပေါ့ ဘယ်ရက်ထိ့ အိပ်ပျော်တတ်တာလည်းဆရာ
• အသက် ၃၀၊ မ၊ အိမ်ထောင်မရှိ့။ ဆရာရှင့် ရင်ဘက်အောင့်နေတာ ၇ လလောက်ရှိ့ပါပြီရှင့် အသက်ရှုမဝသလို မောနေတက်လို့ပါရှင့် တောင်တက်ခရီးလိုအားကစားပြင်းပြင်းထန်ထန်လုပ်သင့်ပါသလားရှင့် ဘာတွေ ကာကွယ်မှု့ ပြုလုပ်ရန် နှင့် ဘယ်လိုဆေးမျိုး ဆောင်ထားရန် ညွှန်ကြားပေးပါရှင့်
• အိမ်ထောင်သည် ကလေးတယောက်အမေ ပါ။ အသက်၂၈ နှစ်ရှိပါပြီ။ ကျမ စိတ်ကျန်းမာရေး ဆရာဝန်နဲ့ ပြချင်လို့ပါ။ ဆရာလမ်းညွှန်မှု့ပြု့ပါအုံးရှင်။
• ကျနော်လည်းဖြစ်ဖူးဒယ် ဆရာ့ ပို့စ် တခုမာ အားနာဘါဒယ်ဆရာ
• ဆးချို ရောဂါမာ သောက်နေတာ
• ထိုင်းမာ တခု ၅ ဘတ်
• ဆရာရှင့် အသက် ၂၁နှစ်မိန်းကလေးပါ နှာခေါင်းနဲ့နဖူးမာ အဖုလေးတေထွက်ပါတယ် အသားအရေက အဆီလဲပြန်တယ် ဘလိုလိမ်းဆေးသုံးပြီး ဘလိုပျောက်အောင်လုပ်ရမလဲဆရာ ဖြေပေးပါရှင့်
• မင်္ဂလာပါဆရာ ရောဂါတခုခံစားနေရလို့ပါ လက်တွေမာ အဖြူစက်လေးတွေပေါက်လာလို့ အဲဒါ ဘါဆေးတွေ သောက်ရင်ကောင်းမလဲ သိချင်လို့ပါ
• ဆောက်တည်ရာမရတွေဖစ် စိတ်နက်လူနက်မကပ် ဘယ်လိုမှထိန်းချုပ်လို့မရဘူး state ပေါ်ရောက်တဲ့အခါတွေမာလဲ တလွဲတွေဖစ် နက် ကိုယ်ကိုကိုယ်မကျေနပ်နိုင်ဖစ်ရပါတယ် အရမ်းစိုးရိပ်စိတ်တွေလွန်ကဲပါတယ်ဆရာ
• ဆရာ ကန်တော့ပါ ရှင့် မရိုမသေလေးဖြစ်မိသွားရင် နားနဲ့မနာဖဝါးနဲ့နာပါရှင့် မိန်းမကိုယ်မာ ဖြစ်တာပါ လိုင်းပေါ်ရှာကျိတော့
• ဟုတ်ကဲ့ပါရှင့် မာအောက်မှာတစ်ချောင်းငင်ထည့်ရင်keyboard ပြောင်းနေရလို့ရှင့်အမြန်ရေးလိုက်တာရှင့် ကျေးဇူးပါရှင့် သိပါတယ်ဆရာ တေနဲ့တွေက အမြန်ရေးလိုက်မိတာပါ အောက်ကဝဆွဲထည့်နေရင်ကြာမာစိုးလို့ပါရှင့် ဆယ်တန်းတုန်းက မြန်မာစာဂုဏ်ထူးထွက်ထားတာပါရှင့် ထောက်ပြပေးလို့ကျေးဇူးတင်ပါတယ်ရှင့်
• အရိုးမာတဲ့။
• ရန်ကုန်မာတဲ့။
• သားအိမ်မာတဲ့။
• မြန်မာမာတဲ့။
• အပျိုပါ ရာသီက ပုံမှန်ပါပဲရှင့် ဖြစ်နေတာက မျက်လုံးတွေက ယားတော့ လက်နဲ့ပွတ်ပါတယ် လက်နဲ့ ပွတ်ပါများတော့ မျက်လုံးတေကပူပြီး မျက်လုံးကနီပြီးဝါလာပါတယ် မျက်ရည်ပူတေလည်း ကျပါတယ်
• ကျနော် goitre ဖြစ်နေတယ် သံသယရှိလို့ သွားပြကြည့်ပါတယ်ဆရာ Result တေအရ ဘာ treatment မှ မလိုဘူးပြောပါတယ်ဆရာ
• ဆရာ ကျွန်မ အသက် ၂၇ ပါ ကိုယ်ဝန် ၂၁ ပတ်ထဲမှာပါ ကလေး ဆံပင်တေသန်ဖို့ အရပ်ရှည်ဖို့ ဘာတေ စားသင့်ပါလဲ ဘာဓာတ်တေလိုအပ်ပါလဲဆရာ
• ဆရာရှင် သမီးကျောက်ကပ်ရောင်ပါတေရှင် ဘယ်ဆရာအကောင်းဆုံးဆိုတာသိရှင်ပါတေရှင်
• ဆရာရှင် အသက်က ၂၉နှစ်ပါရှင်။ မျက်နှာမှာ အမည်းစက်တေဖြစ်တာ အိမ်ထောင်မကျခင်ကတည်းကပါ။
• ဆေးလေးတေရဲ့ ဘေးထွက်ဆိုးကျိုးလေးများ သိချင်လို့ပါဆရာ
• ဆရာရှင့် စိတ်အတက်အကျဆေးတေရဲ့ဘေးထွက်ဆိုးကျိုးလေးတေသိချင်ပါတယ်ရှင့် မောင်လေးသောက်နေရတာ ၂နှစ်နီးပါးရှိနေပါပြီ ပြီးတော့စိတ်ဆေးတေကတသက်လုံးသောက်ပေးရမှာလားရှင် သူဖြစ်နေတာက manic ပါဆရာ
• ဆရာရှင့် တားဆေး Depo ထိုးပြီးရင် အာ့သုံးလအတွင်း ကလေးမရနိုင်တာသေချာပါသလားရှင့် ကျွန်မက အခုအစထိုးရမာမို့ပါ အလုပ်တေကြောင့် ကလေးမလိုချင်သေးလို့ပါရှင့် ဖြေပေးပါဦး
• ဆရာရှင့် ကျေးဇူးပြု၍ဖြေပေးပါရှင့် သမီးလေးမှာအဲ့လိုအဖုလေးတေပေါက်နေပါတယ် ချိုင်းကြားတေ ပေါင်ကြားတေမှာရောပါ ဆေးခန်းတေလည်းသွားတယ်မသက်သာလို့ပါဆရာရှင့် ဘာဆေးလိမ်းရမလည်း ဘာဆေးသောက်ရမလည်း ဆိုတာ ညွှန်ကြားပေးစေလိုပါတယ်ဆရာရှင့်
• မင်္ဂလာပါဆရာ ကျနော့အသက် ၂၃ပါ ဆရာ အာသီးရောင်နေတာ သုံးပတ်ကျော်နေပြီဆရာ မပျောက်သေးဘူး ကျနော်ဘလိုနေထိုင်ရမလဲဖြေပေးစေလိုပါတယ် လည်ပင်းအကြောတေလဲတင်းနေတယ်ဆရာ
• ဒေါက်တာ ကျွန်မက အသက်၂၄ပါ အရင်လတေက အရေးပေါ်တားဆေးသောက်ပါတယ် ၉လပိုင်းအထိ သောက်ခဲ့ပါတယ်

ခေတ်ပေါ်မြန်မာစာသတ်ပုံကို ရှည်သောလျှာအား ကြိုးနှင့်တုပ်ထားခြင်းဟုခေါ်သည်။

ဒေါက်တာတင့်ဆွေ
၁၂-၇-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး