စေတနာမှာ ပညာမပါရင် ဒုက္ခပေးတယ်

၁။ အင်ပြင်ထွက်ခြင်းစာအောက်က ကွန်မင့်မှာ ရေးတယ်။ တောက်တဲ့လက်ဝါးအရွက် ချင်ဟင်းချက်သောက်ပေးပါ မကြာခင်ပြောက်သွားပါလိပ်မယ် တဲ့။

ချဉ် နဲ့ ပျောက်က မှားနေသေးတယ်။

၂။ အရေပြားကို အနည်းငယ်ကုပ်ခြစ်ပြီးခါချဉ်ကောင်တွေကို ချေပြီးလိမ်းပေးရင်ပျေက်ပါတယ်.. ကိုယ်တွေ့ပါ။

၃။ နားအပေါက်ငယ် အောက်မှာ ကွန်မင့်တခုရတယ်။ အဲ့ဒါတမာရီုးကိုပြာချ ရေနံချေးစိမ်းနဲ့ ပွတ်ပေးရင် ပျောက်ပါတယ်ကျူပ်င

၎။ အင်ပြင်သေချာရင် အင်ရွက်ကိုပြုပီးရေချိုးပါ ပြီးရင်သနပ်ခါးရေကျဲလေးကိုဆားလေးထဲ့ပြီးတကိုယ်လုံးလိမ်းပါ နာရီပိုင်းအတွင်း ပျောက်ပါတယ်

၅။ ဒူးနာတယ်ဆို ရင် မြေဖြူတတောင့်ကိုမှုန့် အောင်လုပ် မယုံမရှိနဲ့  ကိုယ်တွေ့ 

၆။ နှလုံးခုန်နှုန်းအောက်မှာ ကွန်မင့်တခုက ဂျင်း +ထန်ညှက်ပြုတ်သောက်လိုက်ပါ


၇။ နှလုံးခုန်နှုန်းအောက်မှာ ဂျင်း +ထန်ညှက်ပြုတ်သောက်လိုက်ပါ တဲ့။

၈။ ကရိုနာစာအောက်မှာ ဂျင်းနဲ့ထန်လျက် ပြုတ်သောက်ျပါဆရာ တဲ့။

၉။ အရေပြားမှာပေါက်တဲ့ရောဂါမျိုးစုင်္ပျောက်တဲ့အောင်ဇေယျာမင်းလိမ်းဆေးဝယ်ပါဝဲနှင်းခူတောင်ပျောက်တယ် လက်တွေ့သုံးဘူးပျောက်ဘူးလို့ပါဈေးချို၂၈လမ်း၈၄လမ်းမှာမှာမေးဝယ်ပါ တဲ့။

မှတ်ထားနိုင်သလောက်သာ။ ဒိထက်မကပါ။ လူကြီးမင်းတို့ရဲ့ ကွန်မင့်တွေကို ဖျက်ပါမယ်။ အရပ်နည်း၊ ကိုယ်ပိုင်နည်း၊ တိုင်းရင်းဆေး၊ ဟာဗယ်ဆေး၊ အာယုဗေဒဆေး၊ တရုပ်ဆေး၊ အိန္ဒိယဆေးတွေကိုသာ အားကိုးလိုသူတွေက ဆရာဝန်တွေရေးတာကို လာမဖတ်ကြပါ။ ကျွန်တော်ကလည်း အဲဒီနေရာတွေကိုသွားပြီး ဆရာ မလုပ်ပါ။

ကိုယ်ပိုင်ဆေးနည်း၊ အရပ်ဆေးနည်း၊ လမ်းဘေးဆေးနည်းတွေကို ကိုယ့်စာမျက်နှာမှာသာ တင်ပါရန်။ ဆေးရောင်းချင်တာ ကျွန်တော့်နေရာမှာ လာမရေးပါရန်။

စေတနာမှာ ပညာမပါရင် ကိုယ့်ကိုယ်ကိုလည်း ဒုက္ခပေးတယ်။ သူများတွေကိုလည်း ဒုက္ခပေးတယ်။

ဒေါက်တာတင့်ဆွေ
၁၁-၇-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး