မေ မယ် မည်

၁။ ဖစ် မဟုတ်။ ဖြစ်လို့ ရေးရတယ်။

ဟုတ်ကဲ့ပါဆရာ နောက်သတိထားပါမေ

သတိထားပါမယ်လို့ ရေးရ။

၂။ ဟုတ်ကတ်ပါကျေးဇူးပါဆရာ

ဟုတ်ကဲ့လို့ ရေးသင့်။

ဟုတ်ကဲ့ကြိုးစားလိုက်နာပါမေဆရာ

လိုက်နာပါမယ်လို့ ရေးသင့်။

၃။ မင်္ဂလာပါ။ မေမေ၊ အမေ၊ မေ့ရင်ခွင် ဆိုတဲ့စကားလုံး အ မပါဘဲ အမေ၊ မေမေအဓိပ္ပါယ်ရပါသလား။

ပြောရတာ ခက်တယ်။ မိခင်ကို အမေ၊ မေမေလို့သာ ခေါ်ကြတယ်။ ရှေးကတော့ မယ်တော်၊ မယ်ဘုရားလို့ ခေါ်ခဲ့တယ်။

စာနဲ့ မည်လို့ရေးပြီး မယ်လို့ အသံထွက်တယ်။ စကားပြောသလိုစာရေးနည်းမှာ မယ်လို့သုံးတယ်။

မည်
ဆေးတမည်
ဟင်းတမည်
မည်ကာမတ္တ
မည်စည်ပင်
မည်မည်ရရ
မည်မည်ဝါးဝါး
မည်ရွေ့မည်မျှ
မည်သို့မည်ညာ

မယ်
ဆန်တလမယ်
မယ်ညိုငှက်
မယ်ဒလင်
မယ်န (သံချွန်၊ သံမှို)
မယ်နဲ့မောင်
မယ်ဗမာ
မယ်ဘွဲ့မောင်ဘွဲ့
မယ်သီလရှင်
မယ်အိ
မယ်ခွေ
မယ်တော်
ရှင်ဖြူရှင်မယ်
လူမမယ်
သွားမယ် လာမယ်
အမယ်မင်း
အမယ်အို

မေ
ဒေါ်မေ
မေဂျာ (ဗိုလ်မှူး)
မေဃိယရဟန်း
မေထုန်ရာသီ
မေမြို့ပန်း
မေမြို့
မေလ
မေဝတ္တု
မေဂျော (အဓိက)
မေမေ

မေ ဆိုတာ အမျိုးသမီးတယောက်ကို ခေါ်တယ်။ သူ့အမည်အတိုင်း မခေါ်ပဲ နာမ်စားအဖြစ် မေ လို့လည်းခေါ်တယ်။ အဲတာက သမီးရည်းစားနဲ့ လင်မယားမှာသာ ခေါ်ပါတယ်။

ဒဂုန်တာရာရေးတဲ့ မေဝတ္ထုက အခုထိလွှမ်းမိုးနိုင်စွမ်းရှိဆဲဖြစ်တယ်။ အမေ မဟုတ်ပါ။ ဇာတ်လိုက်အမျိုးသမီးအမည်။
မေဝတ္ထုမှာရေးသားခဲ့တဲ့ သတ်ပုံကို တင်ပြပါရစေ။ တခါတရံ ကျွန်တော်တို့က။ ဒို့ငယ်ငယ်တုန်းက ခေါက်ဆွဲတခွက် တမူးကွ။ ချည်လုံချည်တထည် ခြောက်မူး။ တသွင်သွင် လှုပ်ရှားလျက်ရှိလေသည်။ စောစောက နှင်းတွေ တမှုန်မှုန် ကျထားသဖြင့်။ တတွေကို မလိုအပ်ပဲ စမသတ်ပါ။

မိလိန္ဒ - ဘုရားရှင်သည် မြတ်သောအကျင့်ကို ကျင့်တော်မူ၍ ဗြဟ္မစာရီမည်ပါသလော။
နာဂသေန - မည်၏။

ဒေါက်တာတင့်ဆွေ
၁၀-၇-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး