ဖါတလုံးခေါင်းကြား

မနှစ်က ဒီလိုနေ့မှာ မေးလို့ ရေးထားတာ။ ဖာတလုံးခေါင်းကြားစာအုပ်ကို စစ်ကိုင်းဦးဘိုးသင်းက ၁၉၃၈ ခုနှစ်မှာရေးတယ်။ ဂရိတ်ဦးဘိုးစိန်က ဇာတ်ကတယ်။ ရုပ်ရှင်လည်း ရိုက်တယ်။ ဖာတလုံးရေးရေး ဖါတလုံးရေးရေး မှန်တယ်။

ဇာတ်လမ်းထဲမှာ မှတ်သားစရာတခုပါတယ်။ တက္ကသိုလ်ကနေကနေ ပြန်လာတဲ့ မင်းသားတပါးဟာ တောလမ်းဘေးက ရေအိုးစင်တခုမှာ ရေဝင်သောက်တယ်။ ရေအိုးစင်နားမှာ သူတောင်းစားတယောက်ကို တွေ့တော့ ဒီသူတောင်းစားလည်း ဒီရေအိုးကို သောက်လိမ့်မယ်ထင်တယ်လို့ တွေးမိပြီးတော့ မင်းသားဟာ အုန်းမုတ်အရိုးကနေ ရိုးရိုးကိုင်မသောက်ပဲ လက်ကိုင်ရိုးကို ထောင်ပြီး ရေသောက်ပါသတဲ့။

မင်းသားတွေးသလိုပဲ သူတောင်းစားက ရေသောက်ထားတယ်။ သူတောင်းစားက စိတ်ကောင်းထားတတ်တယ်။ ဒီတောလမ်းမှာ ဖြတ်သန်းသွားလာသူတွေ ဒီရေအိုးကို ဝင်သောက်ကြလိမ့်မယ်။ လာသမျှလူ သူ့ထက်သာကြမယ်။ မင်းသား၊ သူဌေးသား လူတန်းစားအစုံ လာကြမယ်။ သူ့ထက်သာသူတွေအတွက် အုန်းမှုတ်ခွက်မှာ နေရာပေးမယ်ဆိုပြီး တက္ကသိုလ်ပြန်မင်းသား သောက်သလို အုန်းမုတ်အရိုးကို ထောင်ပြီး ရေသောက်ထားပါသတဲ့။

သတ်ပုံမှန်တဲ့ စာအုပ်နဲ့ ရုပ်ရှင်ကြော်ငြာပုံတွေ ရှာမတွေ့တော့။ မြန်မာစာကို ရိုးရိုးမရေးကြတော့ပါ။

ဒေါက်တာတင့်ဆွေ
၇-၇-၂၀၁၉
၇-၇-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး