အမည်ကစ မှားတဲ့ ဆေးနည်း

၁။ အောင်မဲညို ပန်းပွင့်က ကင်ဆာရောဂါဖြစ်မဖြစ်အငြင်းပွားနေကြတယ် ဆရာ။ ဆရာ ရှင်းပြပေးတာလေ သိချင်ပါတယ် ခင်ဗျ။

၂။ အောင်မဲညို အပွင့်က အဆိပ် ရှိတယ်ဆိုတာ ဟုတ်ပါလား ဆရာ

အောက်မဲညိုလို့ ရေးရတယ်။ အဲဒါကို မှန်အောင်ရေးတာ မတွေ့သလောက်ပါ။

သတ်ပုံမမှန်မှတော့ ဆုတောင်းစာဖြစ်ဖြစ် တရားစာဖြစ်ဖြစ် ဆေးနည်းဖြစ်ဖြစ် မမှန်နိုင်။

မေးခွန်းပါအပွင့် ဆေးသုတေသန မတွေ့ဖူးပါ။ အရင်မေးတာတွေက ၉၆ ပါးပျောက်စေသတဲ့။ ကင်ဆာသာပျောက်ရင် ဆေးပညာနိုဗယ်ဆု ရပြီးလောက်ပြီ။

မမှန်တာ မှားတာ လိမ်တာဆို အတော်မေးကြတယ်။ အချိန်ကုန်တယ်။

ဒေါက်တာတင့်ဆွေ
၃-၇-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး