လုပ်ကောင်းတဲ့အလုပ်လို့ ထင်ပါသလော

အွန်လိုင်းမှာ မြန်မာ့စွယ်စုံကျမ်း တင်ထားတာတွေရှိတယ်။ သတ်ပုံပြင်တင်ထားတဲ့ နမူနာတခုတင်ပြပါမယ်။ အတွဲ (၁) စာမျက်နှာ (၁)။

ကကတစ်
မူရင်းစာအုပ် = ကကတစ်သည် မြန်မာနိုင်ငံ ကမ်းရိုးတလျှောက်၌တွေ့ရသော အရေးကြီးသည့် စားငါးတမျိုးဖြစ်သည်။

အွန်လိုင်းစာအုပ် = ကကတစ်သည် မြန်မာနိုင်ငံ ကမ်းရိုးတစ်လျှောက်၌တွေ့ရသော အရေးကြီးသည့် စားငါးတစ်မျိုး ဖြစ်သည်။ တ နှစ်လုံးကို တစ် လို့ပြင်ထားတယ်။

ကကုသန်မြတ်စွာဘုရား
မူရင်းစာအုပ် = ဘုရားငါးဆူပွင့်ရာ ဤဘဒ္ဒကမ္ဘာအတွင်း ပွင့်တော်မူခဲ့ပြီး ဘုရားလေးဆူအနက် ပဌမဆုံးပွင့်တော်မူသော ဘုရားရှင်ဖြစ်သည်။

အွန်လိုင်းစာအုပ် = ဘုရားငါးဆူပွင့်ရာ ဤဘဒ္ဒကမ္ဘာအတွင်း ပွင့်တော်မူခဲ့ပြီး ဘုရားလေးဆူအနက် ပထမဆုံး ပွင့်တော်မူသော ဘုရားရှင်ဖြစ်သည်။ ပဌမ ကို ပထမ လို့ပြင်ထားတယ်။

မူရင်းအတိုင်းတင်တာရှိသလို သတ်ပုံပြင် တင်တာတွေလည်း တွေ့တယ်။ အဲလိုတင်တာမျိုးက ကျေးဇူးကြီးမားတယ်။

မူရင်းစာတွေကို သတ်ပုံမမှန်တာတွေပြင်ကြခြင်းဟာ လုပ်ကောင်းတဲအလုပ်လို့ မထင်ပါ။ မလုပ်ကောင်းတာအတွက် လူ အချိန် ငွေ အတော်ကို အကုန်ခံထားကြတယ်။ စဉ်းစားကြစေချင်ပါတယ်။ ကိုယ့်သားသမီး ကျောင်းသူကျောင်းသားတွေကို မှန်ကန်တဲ့ပညာ မှန်ကန်တဲ့စဉ်းစားတွေးခေါ်မှုသာ ပေးသင့်ကြပါတယ်။

ဒေါက်တာတင့်ဆွေ
၃-၇-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး