တကျွန်းစံ မြန်မာစာ

ဟုခဲ့ရှင့် နောက်ထပ်ဆေးကို ၆ လမှ တိုက်ရမယ်ဟုလားဆရာ

ဟု မဟုတ်။ ဟုခဲ့ မဟုတ်။ ဟုတ်ကဲ့လို့ရေးရ။ ဥပမာ သီလခံယူ ဆောက်တည်နေသူကို ဥပုသ်သည်ဟုခေါ်သည်။

ဟုခဲ့ပါ ဆရာ

ထပ်ပြီး ဟုပါတယ်။

ရေပတ်လည် ဝိုင်းရံလျက်ရှိသော ကုန်းမြေကို ကျွန်းဟုခေါ်သည်။

ဗခ နေဝင်းခေတ်က နိုင်ငံရေးပုဒ်မနဲ့ ထောင်ဒဏ်တသက်တကျွန်း ခေါ် ကိုကိုးကျွန်းပို့ခံရသူတွေထဲက ပြန်လာသူတချို့က စာတွရေးကြတယ်။ စာအုပ်ထုတ်ကြတယ်။ တကျွန်းကို (တစ်) ကျွန်းတဲ့။

သတ်ပုံမှားတွေ ဝိုင်းဝိုင်းလည်နေသောစာကို မြန်မာစာဟု ခေါ်သည်။

ဒေါက်တာတင့်ဆွေ
၉-၇-၂၀၁၉
၉-၇-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး