ရရစ် ယပင့်

ရပ်ပင့်ရေးချမို့ ရာလို့ယူတာလားခင်ဗျာ

လက်ဝဲ လက်ျာ အောက်မှာ မေးတာ။ ရပ်ပင့် မဟုတ်ပါ။ ယပင့်လို့ ရေးရတယ်။

မ ကို ယပင့်တော့ မျ။ အသံထွက်တော့ မသံနဲ့ ယသံပေါင်းထွက်တယ်။ မ ကို ရနဲ့ရစ်တော့ မြ။ ရခိုင်တွေက လျှာလိပ်သံနဲ့ မရ လို့ အတိအကျအသံထွက်တယ်။ ဗမာတွေက မျ သံနဲ့ မြသံ မကွဲကြပါ။ အဲတာကြော င့် ပင့်ရစ် မနိုင် ရခိုင်မေးလို့ ဆိုစကားရှိတယ်။ မွန်စကားမှာလည်း ရသံနဲ့ ယသံခွဲပြီး ထွက်တယ်။

သောကြာ ကို သောက်ကြာလို့ အသံထွက်တယ်။ စကြာ ကို စက်ကြာလို့ အသံထွက်တယ်။ သကျ ကို သက်ကျလို့ အသံထွက်တယ်။ အဲလိုထွက်ရခြင်းဟာ သက္ကတစာလုံးတွေဖြစ်လို့ထွက်ရကြောင်း ဦးထွန်းတင့်က ဖြေပါတယ်။

ရေးချ https://doctortintswe.blogspot.com/2019/11/blog-post_89.html
ရာ နဲ့ ယာ https://doctortintswe.blogspot.com/2016/12/blog-post_10.html
အိပ်ယာ အိပ်ရာ ကြင်ယာ ကြင်ရာ https://doctortintswe.blogspot.com/2018/06/blog-post_180.html
လက်ျာလို့ရေးမှ ယောက်ျားလို့ရေးမှ မှန်တယ် https://doctortintswe.blogspot.com/2020/06/blog-post_581.html
လက်ျာ လက်ယာ https://doctortintswe.blogspot.com/2017/06/blog-post_55.html
ဘာကိုမှ ရရစ်မထည့်တဲ့ခေတ် ရောက်လာနိုင်တယ် https://doctortintswe.blogspot.com/2020/05/blog-post_262.html

ဒေါက်တာတင့်ဆွေ
၂-၇-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး