Filtered Messages ဖစ်လ်တာမက်ဆေ့ခ်ျ

ရေးတာကို အခုမှသာတွေ့ရ။ မေးလိုက ထပ်မေးနိုင်။

ကျေးဇူးပါဆရာ ဖေဖေကဆုံးသွားခဲ့ပါပြီ ၅လပိုင်း၁၁ရက်က

ဆောရီး။

ဖရင်းမဟုတ်သေးသူတွေကနေ စာရေးရင် ဖစ်လ်တာမက်ဆေ့ခ်ျ ထဲမှာသာ ရောက်လာတယ်။ အဲတာကို စာပို့ခံရသူက မသိနိုင်။ တမင်တကာ လိုက်ရှာရတယ်။ ရှာရတာလည်း မလွယ်။ ဘယ်မှာရှာရမလဲ သေချာ မသိ။ တိုက်ဆိုင်ရင် တန်းစီပြီး ပေါ်လာတယ်။ ရေးတာကို အခုမှသာတွေ့ရ။ မေးလိုက ထပ်မေးနိုင်လို့ စာပြန်ရတယ်။ တကြိမ်စာပြန်ပြီးရင်တော့ ပုံမှန် မက်စင်ဂျာထဲရောက်နိုင်ပြီ။

အဲလိုဖြစ်တာကို အစက မသိ။ သိတဲ့သူကပြောမှ လိုက်ရှာရတယ်။ သိစမှာ မင်ဆေ့ တထောင်ကျော်တယ်။ အဲတာလည်း မကုန်။ အခုတခါလိုက်ရှာပြီး ဖြေနေတယ်။ ဧပြီလလယ်ထိသာ ရောက်သေးတယ်။ အဲဒီရက်အရင်က လာတာတွေ မရှာအားသေးပါ။ ဆောရီး။

မဖြေရကောင်းလားလို့ တချို့က အထင်လွဲကြတယ်။ အပြစ်တင်ကြတယ်။ မကောင်းပြောကြတယ်။ သူတို့ထင်တာ မမှားပါ။

ဖေ့စ်ဘွတ်က ခက်အောင်လုပ်တတာတွေရှိတယ်။ ဖေါင့်ကိုလည်း ခက်အောင်လုပ်တဲ့နိုင်ငံတခုရှိတယ်။ တသက်လုံးပဲ ဆိုပါစို့ ဘလော့ပေါ်ကတည်းကနဲ့ ဖေ့စ်ဘွတ်ပေါ်ကတည်းက သုံးနေခဲ့တဲ့ဖေါင့်ကို ပြောင်းလိုက်တော့ အချိန်ပိုတွေ မလိုအပ်ပဲ ကုန်စေတယ်။

ကျွန်တော်က မှန်နေတာကို လွဲအောင် သတ်ပုံပြောင်းတာကို မကြိုက်ပါ။ လွယ်နေတာကို ခက်အောင်လုပ်တာလည်း မကြိုက်ပါ။

ဒေါက်တာတင့်ဆွေ
၁၂-၆-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး