Bleeding During Early Pregnancy ကိုယ်ဝန်နုစဉ် သွေးဆင်းခြင်း

(ကန်တော့)

၁။ မင်္ဂလာပါ ဆရာရှင့်။ သမီး တခုလောက် မေးချင်လို့ပါ ဆရာရှင့်။ သမီးအသက် ၃၂နှစ်ပါဆရာ။ ခု သားဦး ကိုယ်ဝန်ဆောင်ပါဆရာ။ ကိုယ်ဝန်က ၁၂ ပတ် ရှိပါပြီဆရာ။ ဆေးခန်းကို ၉ပတ်က အပ်ထားပြီးပါပြီဆရာ။ ကန်တော့ပါဆရာ ရာသီနည်းနည်းဆင်းနေလို့ပါဆရာ။ အဲဒါ စိုးရိမ်ရလား သမီးသိချင်လို့ပါဆရာ။

၂။ ဆရာရှင့် သမီးက ဇန်နဝါရီလ ၃၁ က ရာသီလာပါတယ်။ ပြီးတော့မလာတော့ပါဘူး။ အဲဒါနဲ့ မနေ့က စစ်လိုက်တာ ၂ ကြောင်းပေါ်နေပါတယ်။ အောက်ကြောင်းကတော့ မှိန်ပါတယ်။ ဒါပေမယ့် ဒီနေ့မနက်ကြတော့ သွေးဆင်းနေပါတယ်ရှင့်။ သမီးဘယ်လိုလုပ်ရမလဲမသိလို့ပါ။

ကိုယ်ဝန်ကို ပဌမ၊ ဒုတိယနဲ့ တတိယ ၃ လစီပိုင်းပြီး လေ့လာရ၊ ပြောရတယ်။ နဲနဲလေး စွန်းယုံဆင်းတာနဲ့ အများကြီး၊ သွေးခဲပါ ဆင်းတာရှိတယ်။ ၃ လ နောက်ပိုင်း သွေးဆင်းရင် ပုံမှန်မဟုတ်ဘူး။ ၂၈ ပတ်နောက် ဆင်းတာဆိုရင် အရေးပေါ် မဟုတ်ပါ။ အနည်းအများမတူပါ။ ဗိုက်နာချင်နာမယ်၊ မနာချင်မနာဘူး။ ကိုယ်ဝန် ၄% မှာ ဖြစ်တတ်တယ်။ မီးတွင်း မိခင် သေဆုံးရတဲ့အကြောင်းတွေထဲမှာ အဖြစ်များဆုံးပါ။

ကိုယ်ဝန် ပဌမသုံးလ သွေးဆင်းခြင်းဟာ ၂ဝ-၃ဝ% ကိုယ်ဝန်တွေမှာ ဖြစ်တတ်ပါတယ်။ အဲဒီအထဲက ၅ဝ% ကိုယ်ဝန်ပျက်ကျနိုင်လို့ တဝက်က အကောင်း ဆက်ဖြစ်မှာပါ။ ၃% က Ectopic pregnancy သားအိမ်ပြင်ပ သန္ဓေတည်တာ ဖြစ်နိုင်တယ်။

1. Implantation bleeding ကျားသုတ်ပိုးနဲ့ မဥတွေ သားအိမ်ပြွန် တနေရာမှာ ပေါင်းစပ်ကြပြီး ဖြစ်လာတဲ့ သန္ဓေက သားအိမ်အတွင်းဆုံးအလွှာမှာ လာတွယ်ကပ်တဲ့အချိန်မှာ သွေး နည်းနည်းလေးဆင်းတာကို ခေါ်တယ်။ ခန့်မှန်းခြေ ရာသီ လာရမဲ့ရက်လောက်မှာ ဖြစ်တာများလို့ အထင်မှားတတ်တယ်။ ဘာမှ စိုးရိမ်စရာ မလိုပါ။

2. Postcoital bleeding အတူနေအပြီး သွေးနည်းနည်းဆင်းတာ။ ရပ်သွားရင် ဘာမှလုပ်စရာ မလိုပါ။

3. Threatened miscarriage ရာသီထိန်၊ နာတာ-ကိုက်တာနဲ့ ရောပြီး သွေးဆင်းတယ်။ ကိုယ်ဝန်ပျက်ခြင်သလို ဖြစ်တာ။ ကိုယ်ဝန် ဆက်တည်မလား၊ ပျက်မလား ပြောမရသေးပါ။  ဆီးအောင့်တာ၊ ရေ-ဆားဓါတ်နည်းတာ၊ တချို့ဆေးဝါး၊ ခိုက်မိတာ လဲကျတာတွေကြောင့် ဖြစ်နိုင်တယ်။ အထဲကကလေး ပုံမှန်မဟုတ်တာလဲ ပါသေးတယ်။ အလေးအပင် မတာ၊ လိင် ဆက်ဆံတာက ကြမ်းတမ်းတာ၊ စိတ်ပိုင်း ထိခိုက်တာတွေလဲ ပါတယ်။ ၁၊ ၂ နဲ့ ၃ အတွက် နားနေပါ။ အလေးအပင် မမပါနဲ့။ ပြင်းထန်တဲ့ လေ့ကျင့်ခန်း မလုပ်နဲ့၊ အတူနေတာ ၃ ပတ်ရှောင်ပါ။ မွေးလမ်းကို Tampons or Douching နဲ့ ဆေးတာ ရှောင်ပါ။ ရေများများ သောက်ပါ။ အရက် ဆေးလိပ် ရှောင်ပါ။ အာဟာရ မျှတအောင်စားပါ။

4. Completed miscarriage ကိုယ်ဝန်အကုန်ပျက်တာ။ သွေးဆင်းတာ များ၊ ဗိုက်နာတာ ပိုရင် စဉ်းစားရမယ်။ သားအိမ် ခြစ်ရာ မလိုပါ။

5. Incomplete miscarriage ကိုယ်ဝန် တဝက်တပြက် ပျက်ကျတာ။ VE မွေးလမ်းကြောင်း စမ်းရင် Cervix  သားအိမ်အဝ နဲနဲပွင့်နေမယ်။ သွေး-သွေးခဲ-တခြား ဆင်းလာနေမယ်။ အဝပြန်ပိတ်နေတာလဲ တွေ့နိုင်တယ်။

6. Septic abortion ကိုယ်ဝန်ပျက်ရာ ပိုးဝင်တာ။ ပိုးဝင်လက္ခဏာလဲ တွေ့ခြင်တွေ့မယ်။ ကိုယ်ပူ၊ ဗိုက်ပိုနာ၊ ဆင်းတာတွေက အနံ့ရှိ၊ သွေးနဲ့အတူ အဖြူစတာတွေပါ ရောဆင်း။ ဆေးရုံတက်၊ ပိုးသေအောင်လုပ်ပြီး နောက်မှာ D and C သားအိမ်ခြစ်ရမယ်။

7. Blighted ovum မမျိုးဥပုံမှန် မဟုတ်လို့ ပုံမှန်သန္ဓေ ဖြစ်တာ။

8. Intrauterine fetal demise/death (IUD) အထဲမှာ ကလေးသေသွားတာ။

9. Ectopic pregnancy သားအိမ်ပြင်ပ သန္ဓေတည်ခြင်း။ အဆိုးဆုံးအစား ဖြစ်တယ်။ အများဆုံးက သားအိမ်ပြွန်ထဲမှာ တည်တယ်။ မဆန့်မပြဲ ဖြစ်လာချိန်မှာ ရုတ်တရက် ပေါက်ထွက်ရင် အရေးပေါ်ဖြစ်ပြီ။ ရာသီထိန်ပြီး ၁ဝ ပါတ် ဝန်းကျင်မှာ ဖြစ်တယ်။ သွေးမဆင်းခင် နာတာနဲ့ စတတ်တယ်။ အရင်ဖြစ်ဖူးသူတွေ ထပ်ဖြစ်နိုင်တယ်။ PID တင်ပါးဆုံတွင်း အင်္ဂါတွေ ရောင်တာ ဖြစ်ဖူးသူ၊ ကလေးမရတာ ၂ နှစ်ကျော်နေသူ၊ သားအိမ်ပြွန်ကို ခွဲစိတ်ထားသူ၊ ကိုယ်ဝန် မရအောင် IUCD ထည့်ထားခဲ့သူ၊ ဆေးလိပ်သောက်သူ၊ နေ့တိုင်း Douching ဆေးကြောတတ်သူ တွေမှာ အဖြစ်များတယ်။ Ultrasound လုပ်မယ်။ Methotrexate ဆေးပေးမယ်။ မရရင် ဒါမှမဟုတ် ဒီဆေး မသုံးခြင်ရင် Surgery ခွဲစိတ်နည်း သုံးမယ်။ သွေးသွင်းဘို့ လိုတတ်တယ်။

10. H Mole စပျစ်သီးကိုယ်ဝန်၊ Ultrasound မှာ ကလေးမဟုတ်ဘဲ တစ်ရှူးတွေသာ တွေ့ရမယ်။ ရာသီ ထိန်မယ်။ ၁၂ ပါတ်ကျော်ရင် ဗိုက်စမ်းတော့ သားအိမ်အမြင့်က ရာသီထိန်တာထက် မြင့်နေမယ်။ တချိန်မှာ ကင်ဆာ ကို သံသယရှိရမယ်။ D and C သားအိမ်ခြစ်မယ်။ နောက်တလနေရင် တခါထပ်ခြစ်မယ်။ သွေး Blood B-hCG levels ကို စစ်မယ်။

1. Abortion Complications ကိုယ်ဝန်ဖျက်ခြင်း နောက်ဆက်တွဲများ https://doctortintswe.blogspot.com/2017/08/abortion-complications.html
2. Abortion Risks စပွန်ဆာရောဂါ https://doctortintswe.blogspot.com/2016/06/abortion-risks.html
3. Amenorrhea ရာသီမလာခြင်း https://doctortintswe.blogspot.com/2017/12/amenorrhea.html
4. Amenorrhea ရာသီမလာရင် (၂) http://doctortintswe.blogspot.com/2016/06/amenorrhea.html
5. Ectopic Pregnancy (1) ထူးဆန်းသည့်ကိုယ်ဝန် (၁) https://doctortintswe.blogspot.com/2014/11/ectopic-pregnancy-causes.html
6. Intra-abdomen Pregnancy အူကြားထဲနေ ပဋိသန္ဓေ http://doctortintswe.blogspot.com/2015/09/ectopic-pregnancy.html
7. H mole စပျစ်သီးကိုယ်ဝန် https://doctortintswe.blogspot.com/2014/11/hydatidiform-mole-treatment.html
8. Miscarriage Prevention ကိုယ်ဝန်မပျက်အောင် http://doctortintswe.blogspot.com/2014/12/miscarriage-prevention.html
9. Miscarriage သူ့အလိုလို ကိုယ်ဝန်ပျက်ခြင်း http://doctortintswe.blogspot.com/2014/12/miscarriage.html
10. Missed abortion ကိုယ်ဝန်ပျက်ခြင်းတမျိုး http://doctortintswe.blogspot.com/2016/01/missed-abortion.html
11. Pregnancy after Ectopic Pregnancy သားအိမ်ပြင်ပသန္ဓေတည်ပြီးနောက် http://doctortintswe.blogspot.com/2017/02/pregnancy-after-ectopic-pregnancy.html
12. Pregnancy and Bleeding During Early Stage ကိုယ်ဝန်နုစဉ် သွေးဆင်းခြင်း https://doctortintswe.blogspot.com/2014/11/pregnancy-and-bleeding-during-early.html
13. Pregnancy and Intrauterine Death (IUD) ကလေးအထဲမှာ သေဆုံးသွားခြင်း https://doctortintswe.blogspot.com/2014/11/pregnancy-and-intrauterine-death-iud.html
14. Unfortunate Pregnancy ကံမကောင်းတဲ့ ကိုယ်ဝန် https://doctortintswe.blogspot.com/2017/12/unfortunate-pregnancy.html

Dr. တင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး