Kidney Stones Home Remedies ကျောက်တည်တာသက်သာအောင် အိမ်မှာဘယ်လိုလုပ်မလဲ




၁။ ဒေါက်တာရှင့် ဆီးလမ်းကြောင်းမှာ ကျောက်တည်နေပါသည်။ သမီး fb မှာ ဒီကောမက်တခုပဲရေးတတ်ပါသည်။ တခြားဘာမှမလုပ်တတ်ပါ။ ခုက့ မှာနေပါတယ်။ သမီးရဲ့ညီမလေးပါ။ ဗိုက်အောင့်အောင့်နေတာ ကြာပါပြီ။ ဆေးသွားပြ ဓါတ်မှန်ရိုက်တော့ ဆီးလမ်းကြောင်းမှာ ကျောက်ရှိတယ်လို့ပြောပါတယ်။ လူက အရမ်းပိန်ပါတယ်။ ခွဲရမှာလဲ မိသားစုနဲ့ ဝေးတော့ အရမ်းအားငယ်နေတာပါ။ သမီးနားမလယ်လို့ပါဒေါက်တာ ကယ်တင်နိုင်တဲ့ဒေါက်တာ တွေ့တာနဲ့ဝမ်းသာအားရ မေးမိတာပါ။ မခွဲချင်ပါဘူးရှင့်။ ကျေးဇူးပြုပြီး ဘယ်လိုလုပ်ရမယ်ဆိုတာ စိတ်အရမ်းပူနေလို့ပါရှင့်။

၂။ ဆရာ ကျနော့်အမေ ကျောက်ကပ်နှစ်ဘက်စလုံးခွဲထားရပါတယ်။ ဆယ်နှစ်ကျော်ပါပြီ။ ကျောက်တည်နေလို့ပါ။ အခုလဲ ကျောက်တွေပြန်တည်နေလို့ပါ။ အသက်က (၆၃) နှစ်ပါ။ ခုတလောအခြေအနေ နဲနဲဆိုးနေပါတယ်။ အဲဒါ ကျောက်ကျစေမဲ့ နည်းလမ်းများရှိရင် သိချင်ပါတယ်ဗျာ။ ထပ်ခွဲဖို့ဆိုတာကလဲအခက်အခဲနဲနဲရှိလို့ပါ။ ကျေးဇူးတင်ပါတယ်။

၃။ ကျွန်တော့့် မှာ အလုပ်လုပ်နေပါတယ်။ လွန်ခဲ့တဲ့ တနှစ်က နံရိုးဘေးအောက်မှာ နေ့တဝက်လောက် မခံမရပ်နိုင်လောက်အောင် နာကျင်ခဲ့ဖူးပါတယ်။ အခုတခါ ထပ်နာလာပါတယ်။ အာလ်ထွာဆောင်းရိုက်တော့ ကျောက်ကပ်မှာ ကျောက်တည်နေပါတယ်။ တဖက်က တစ်လုံး နောက်တဖက်က သုံးလုံးရှိနေပါတယ်။ အရွယ်အစားက သေးလို့ မခွဲပဲ ထုတ်လို့ရတယ်လို့ ပြောပါတယ်။ 4 mm ကနေ10 mm ကြားလောက်ရှိပါတယ်။ ကုန်ကျစရိတ်က လုပ်အားခနဲ့ ဘယ်လိုမှ အဆင်မပြေပါဘူး။ ကျောက်ကပ်မှာ ကျောက်တည်ရင်ဘယ်နည်းဘယ်ပုံနဲ့ ပျောက်ကင်းအောင် ကုသနိုင်ပါသလဲ။ ပြီးတော့ ဈေးသက်သာတဲ့ ကုသနည်း။ ဆိုးကျိုးနည်းတဲ့ ကုသနည်း၊ နောက်ပြီး နောက်ထပ် ၆ လ လောက်ကြာမှ မြန်မာပြည်ပြန်ပြီး ကုသမယ်ဆိုရင်ရော အန္တရာယ်ရှိနိုင်ပါသလား။

နောက်ကျော တဘက်တချက်က စူးရှပြီးနာမယ်၊ ပျို့အန်ချင်မယ်ဆိုရင် ကျောက်ကပ်ထဲမှာကျောက်တည်တာဖြစ်နိုင်တယ်။ ကျောက်ကပ်ကနေ အောက်ဆက်တင်းရင် ယူရီတာ ခေါ် ကျဉ်းတဲ့လမ်းထဲရောက်မယ်။ တစ်နေတတ်တယ်။ နာမယ်။ ဆက်ဆင်းလို့ ကျတဲ့ဆီးအိမ်ထဲရောက်ရင် နာတာသက်သာသွားမယ်။ ယူရီသရာ ခေါ် ဆီးသွားတဲ့ပြွန်လေးထဲလည်း တစ်နေတတ်တယ်။ နာမယ်။ ကျောက်က ၁-၆ မီလီမီတာလောက် သေးရင် ဆီးထဲ အလိုလိုပါသွားမယ်။

ကျောက် ၄ မျိုးရှိတယ်။ calcium stones ကယ်လ်စီယမ်ကျောက်က ၈ဝ% ရှိတယ်။ ကျန်တာတွေက uric acid stones ယူရစ်အက်စစ်ကျောက်၊ struvite stones ဆထူဗိုက်ကျောက်နဲ့ cystine stones ဆစ်စတင်းကျောက်တွေ ဖြစ်တယ်။

ဆီးထဲကျောက်ပါချိန်မှာ ဆီးအနီရောင်ဖြစ်တတ်တယ်။ နာရင် Ibuprofen, Naproxen ဆေး တခုခုသောက်နိုင်တယ်။ နာတာရှည် ကျောက်ကပ်ရေးရါနဲ့ အသည်းရောဂါရှိသူဆိုရင် ဆေးတွေမသောက်မီ ဆရာဝန်ကိုပြောပါ။ ဆီးကျောက် တခါဖြစ်ဖူးသူ နောက် ၅ နှစ်ကနေ ၇ နှစ်အတွင်း ကျောက်ထပ်ဖြစ်ဖို့ အခွင့်အလမ်း ၅ဝ% ရှိတယ်။ သွေးတိုးရှိနေသူ၊ ဆီးချိုရှိသူနဲ့ လူကဝနေသူတွေမှာ ဖြစ်ဖို့လမ်း ပိုများတယ်။ လူနေမှုပုံစံပြောင်းရင် အခွင့်အလမ်း နည်းစေတယ်။

ဆီးကျောက်အလိုလိုထွက်မသွားရင် ခွဲစိတ်ပေးရတယ်။ နည်းတွေရှိတယ်။ Lithotripsy ခေါ် အာလ်ထွာဆောင်းလှိုင်းနည်း၊ Ureteroscopy ခေါ် အောက်ကနေ ကရိယာထည့်ပြီး ဆွဲယူနည်းနဲ့ အစဉ်အလာခွဲစိတ်နည်းတွေရှိတယ်။

ဆီးကျောက်အတွက် ကိုယ်တိုင်စောင့်ရှောက်နည်း
ရေများများသောက်ပါ။ တနေ့မှာ ရ + အရည် ၈ အောင်စဝင်ခွက်နဲ့ ၁၂ ခွက်ကုန်အောင်သောက်ပါ။ ဆီးသွားတိုင်း ဆီးထဲ ကျောက်ပါလသလား စစ်ဆေးနေပါ။ နာချိန်ကလွဲရင် လုပ်ကိုင်ဆောင်ရွက်တာ အရင်ကလို ဆက်လုပ်ပါ။ ဒါမှ ကျောက် ဆီးထဲပါစေဘို့ အားပေးရာကျမယ်။ ဆီးကျောက်က အမျိုးမျိုးရှိလို့ အစားအသောက်မှာ တည့်တာနဲ့ မတည့်တာ ရွေးရမယ်။ မတူကြပါ။

၁။ Calcium Oxalate Stones အောက်ဇဲလိတ်ကျောက်
nuts အစေ့အဆံတွေ ရှောင်ပါ။
peanuts မြေပဲဆံ ရှောင်ပါ။
spinach ဟင်းနုနွယ်ရွက် ရှောင်ပါ။
wheat bran ဂျုံမှုံ့အပေါ်ယံလွှာတွေကို ရှောင်ပါ။
Reduce sodium ဆား လျှော့စားပါ။
Limit animal protein အမဲသား၊ ဝက်သား၊ ကြက်သား၊ ငါး၊ ဥ၊ နို့၊ လျှော့စားပါ။
Get enough calcium from foods ကယ်လ်စီယမ်ပါတာတွေ စားသုံးပါ။

၂။ Calcium Phosphate Stones ကယ်လ်စီယမ်ကျောက်
Reduce sodium ဆား လျှော့စားပါ။
Limit animal protein အမဲသား၊ ဝက်သား၊ ကြက်သား၊ ငါး၊ ဥ၊ နို့၊ လျှော့စားပါ။
beans, dried peas, lentils, and peanuts မြေပဲ၊ ပဲ နဲ့ ပဲသီးတွေကိုစားနိုင်တယ်။
soy milk, soy nut butter, and tofu ပဲပုပ်နဲ့ ပဲပုပ်စာတွေကို စားနိုင်တယ်။
almonds, cashews, walnuts, and pistachios အစေ့အဆံတွေကို စားနိုင်တယ်။
sunflower seeds နေကြာစေ့ စားနိုင်တယ်။
Get enough calcium from foods ကယ်လ်စီယမ်ပါအစားတွေ စားနိုင်တယ်။

၃။ Uric Acid Stones ယူရစ်အက်စစ်ကျောက်
Limit animal protein အမဲသား၊ ဝက်သား၊ ကြက်သား၊ ငါး၊ ဥ၊ နို့၊ လျှော့စားပါ။
beans, dried peas, lentils, and peanuts မြေပဲ၊ ပဲ နဲ့ ပဲသီးတွေကို စားနိုင်တယ်။
soy foods, such as soy milk, soy nut butter, and tofu ပဲပုပ်နဲ့ ပဲပုပ်စာတွေကို စားနိုင်တယ်။
almonds and almond butter, cashews, walnuts, and pistachios အစေ့အဆံတွေကို စားနိုင်တယ်။
sunflower seeds နေကြာစေ့တွေကို စားနိုင်တယ်။
Losing weight ကိုယ်အလေးချိန်များသူ လျှော့ချပါ။

၎။ Cystine Stones ဆစ်စတင်းကျောက်
Drinking enough liquid ရေနဲ့ အရည် များများသောက်ပါ။

1. Kidney Stones Home Remedies ကျောက်တည်တာသက်သာအောင် အိမ်မှာဘယ်လိုလုပ်မလဲ http://doctortintswe.blogspot.com/2014/11/kidney-stones-home-remedies.html
2. Kidney stones ကျောက်ကပ်-ကျောက် http://doctortintswe.blogspot.com/2014/11/kidney-stones.html

Dr. တင့်ဆွေ
၎-၁-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး