ART medicines price ဆေးဈေး
HIV အတွက် ART ဆေးကို တချို့နေရာတွေမှာ အခမဲ့ပေးပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်ကတည်းက HIV ဆေးတွေကို ပြိုင်ဆိုင်ထုတ်လုပ်လာခဲ့တယ်။ ကင့်ပန်းလုပ်သူတွေကနေ အစိုးရနဲ့ ဆေးကုမ္ပဏီတွေအပေါ် ဆေးနာမည်ရင်းအတိုင်း ထုတ်ဖို့နဲ့ ဈေးနှုန်းသက်သာဖို့ရာ ဖိအားတွေပေးနေကြတယ်။ အဲဒီကျေးဇူးနဲ့ အခုနေအခါ မချမ်းသာတဲ့တိုင်းပြည်တွေက လူနာတွေပါ လက်လှမ်းမီလာကြပါတယ်။ လူနာပေါင်း ၈ သန်းလောက်က ART ဆေးလိုနေကြတယ်။ တိုးတက်မှု သိသိသာသာရှိလာတာမှန်ပေမယ့် လိုအပ်ချက်တွေကများနေဆဲဖြစ်တယ်။ ပိုပြီးထိရောက်တဲ့ဆေးကို ချမ်းသာတဲ့နိုင်ငံတွေမှာပဲ လက်လှမ်းမီနေတယ်။ ၁၉၉၆ ခုနှစ်မှာ HAART ခေါ်တာကိုသုံးခဲ့တယ်။ AIDS ဖြစ်လာမှာကို နှေးစေတယ်။ အဲတာကို ချမ်းသာတဲ့နေရာတွေမှာသာရနိုင်ခဲ့တယ်။ နောက် ၄ နှစ်နေတော့ အဲဒီနေရာတွေမှာ ၈၄% ကျဆင်းသွားခဲ့တယ်။ လူတယောက်စာ ဒေါ်လာ ၁ဝဝဝဝ ကနေ ၁၅ဝဝဝ ကုန်ကျတယ်။ HAART ပေါ်ပြီးနောက် ၅ နှစ်နေတော့ ဖွံ့ဖြိုးဆဲတိုင်းပြည်တွေရဲ့ ၂% မှာဆေးရလာတယ်။ ၂ဝဝ၁ မှာ အိန္ဒိယဆေးကုမဏီ Cipla ကနေ ဈေးချိုတာကို ဒေါ်လာ ၃၅ဝ နဲ့ ထုတ်ပေးနိုင်လာပါတယ်။ ဈေးပြိုင်ဆိုင်မှုတွေ ဖြစ်လာတယ်။ Clinton Foundation ကလင်တန်ဖေါင်ဒေးရှင်းနဲ့ ဆင်းရဲတဲ့ တိုင်းပြည်တချို့က အစိုးရတွေကနေ လ...