Cetrizine (အလာဂျီ) ဆေး


၁။ ဆရာရှင့် ကျမ အသက် ၂၄ နှစ်ရှိပါပြီ။ ကျမငယ်ငယ် ၅ တန်းနှစ်လောက်ကတည်းက အခုထိ အေးရင် အဖုအပိန့် ဖြစ်ပါတယ်။ မိုးမိလို့ပဲဖြစ်ဖြစ် ရေချိုးတာကြာလို့ပဲဖြစ်ဖြစ်လေတိုက်လို့ ပဲဖြစ်ဖြစ် အေးတယ်လို့ ခံစားလိုက်ရတဲ့ ခန္ဓာကိုယ်ရဲ့အစိတ်အပိုင်း တိုင်းမှာ အဖုအပိန့်ဖြစ်ပါတယ်။ ဖြစ်ပြီးရင်လည်း အဖုအပိန့်တွေက ဆက်သွားပီး ၁၅ မိနစ်လောက်နေရင် ပျောက်သွားပါတယ်။ အခု certrizine ဆေးကိုသောက်နေပါတယ်။ အဲဒီဆေးကလည်း သောက်နေရင်သာ အဖုအပိန့်က မထွက်ဘူး။ မသောက်ပဲမေ့နေရင် အဖု့အပိန့် ကထွက်တာပါပဲ။ ဆေးက side-effect များတယ်ဆိုလို့ ဆက်သောက်သင့်မသောက်သင့် ဖြေကြားပေးပါ ဆရာရှင့်။

၂။ ဆရာရှင့် နှာမွှန် နှာခေါင်းယားတာနဲ့ ပက်သတ်ပြီး သိချင်ပါတယ်။ နှာခေါင်းယားတာက ဘာဖြစ်လို့လဲဆရာ။ နှာခေါင်းယားပြီး နှာစေးချင်သလိုပါဖြစ်လာတာပါဆရာ။ အဲ့ဒါ ရှူတဲ့လေနဲ့ဆိုင်လားဆရာ။ နောက် air con နဲ့ရော ဆိုင်လားဆရာ။ အခု ကလေးက အိပ်ပြီးပြန်နိုးလာရင် နှာခေါင်းပါပိတ်နေတာပါဆရာ။ တရှူရှူနဲ့ပိတ်နေတာပါဆရာ။ ဒီတိုင်းဆော့နေရင် နှာခေါင်းယားလို့ပွတ်ပါတယ်။ အိပ်ပြီးပြန်နိုးရင်တော့ နှာခေါင်းပိတ်ပါတယ်။ အဲ့ဒါ ဘာဖြစ်လို့လဲ air con နဲ့ရောဆိုင်လား။ air con နဲ့ရောအိပ်လို့ရလား ဖြေပေးပါအုံးနော်။ မဲ့ဒါ စီထရေဇင်းအရည်လေးတိုက်ထားလို့ ရလားဆရာ။ ကလေးက ၄ နှစ်ပါ။ တိုက်လို့ရရင် တနေ့ ဘယ်လောက်ဘယ်နှစ်ကြိမ်တိုက်ရမလဲဆရာ။

၃။ ဆရာရှင့် Allergy သို့မဟုတ် မတည့်အတူနေဆိုတဲ့ Post နဲ့ဆရာပြန်ကြားပေးချက်ကို ကျေးဇူးအထူးတင်ပါတယ်ရှင့်။ ကျွန်မ အခုသိချင်တာလေး တခုရှိနေလို့ပါ။ အဲဒီ Cetirizine ဆေးကို အမြဲတမ်း (နေ့စဉ်) သောက်သုံးနေရင် ဘေးထွက် ဆိုးကျိုး ဘာတွေဖြစ်လာနိုင်သလဲဆိုတာ သိချင်ပါတယ်ဆရာ။ ခုဆို သတိခဏခဏ မေ့တတ်နေတာ အဲဒါနဲ့ ဆိုင်ပါသလားဆရာ။ နောက်ပြီး ခုလိုအမြဲယားယံနေတာကို လုံးဝပျောက်သွားအောင် ကုသလို့ရပါသလားဆရာ။ ကုသလို့ ရနိုင်မယ့် နည်းလမ်းများ ရှိရင် ဆရာ့ အနေနဲ့ လမ်းညွှန်ပေးစေချင်ပါတယ်။ သူကတော့ ဆရာ့ post ကိုပေးဖတ်တော့ သန်ချကြည့်မယ်လို့ ပြောပါတယ်ဆရာ။ ကျေးဇူးပြုပြီး ဆရာပြန်ကြားပေးစေချင်ပါတယ်ရှင့်။

၎။ မိုးနဲ့ဆောင်း ၂ ရာသီမှာ နှာခေါင်းဓာတ်မတည့်တာကြောင့် Cetirizine 10mgကိုတနေ့ ၁ လုံး သောက်နေရပါတယ် ဆရာ။ ဒီဆေးကို အမြဲစွဲသောက်နေလို့ရပါသလား ဆရာ။ ဘေးထွက်ဆိုးကျိုးရှိနိုင်ပါသလားသိပါရစေရှင့်။

၅။ မင်္ဂလာပါဆရာ သမီးက ခုမှ Pharmacy ကျောင်းပြီးကာစ အလုပ်လုပ်နေတဲ့သူတစ်ယောက်ပါ။ Levocetrizine ကချောင်းခြောက်ဆိုးရင် သုံးလား။ သုံးရင်ဘယ်လို action ပေးလဲသိချင်လို့ပါ။

Levocetirizine ဆိုတာ Antihistamine (အင်တီဟစ်စတမင်း) ဆေးဖြစ်တယ်။ Allergy symptoms (အလာဂျီ) လက္ခဏာတွေဖြစ်တဲ့ မျက်ရည်ယို၊ နှာရည်ယို၊ မျက်စိ-နှာမွှန်၊ နှာချေ၊ အင်ပြင်ထွက်နဲ့ ယားယံတာတွေကို သက်သာစေမယ်။ Histamine (ဟစ်စတမင်း) ဓါတ်ထွက်လာမှာကို တားပေးတယ်။

Allergic Conjunctivitis အလာဂျီကြောင့်မျက်စိနာတာ၊ Atopic Dermatitis အရေပြားနာနဲ့ Hives အင်ပြင် ထွက်တာတွေကိုလည်း ပေးနိုင်တယ်။

Cetirizine (HCl) ဆေးကို (အလာဂျီ) အတွက်သုံးတယ်။ အအေးမိပျောက်ဆေး၊ ချောင်းဆိုးပျောက်ဆေး စတာတွေထဲမှာ ပါတယ်။ မသောက်ဘူးသူမရှိသလောက် အသုံးများလှတဲ့ဆေးဖြစ်တယ်။ (အင်တီဟစ်တမင်း) ဆေးအုပ်စု၊ ဒုတိယမျိုးဆက် ဖြစ်တယ်။ အရင်ပေါ် ပဌမမျိုးဆက် ဥပမာ Burmeton လို မအိပ်ချင်ဘူးဆိုပေမဲ့ နည်းနည်းတော့ အိပ်ချင်တာပါဘဲ။ အင်းဆက်ကောင်တွေ ကိုက်တာအတွက်လည်းသုံးတယ်။ ဘယ်နေရာက ဘာလို့ယားယား ဒီဆေးပဲသုံးတာများတယ်။

ဘေးထွက်ဆိုးကျိုးတွေက မဆိုးပါ။ သာမန်လောက်သာဖြစ်တယ်။
လူကြီး (၁၂ နှစ်အထက်) = အိပ်ချင်၊ အားယုတ်၊ အာခေါင်ခြောက်၊ အိပ်မရ၊
ကလေး  (၂ နှစ်မှ ၁၁ နှစ်) = ခေါင်းကိုက်၊ အာခေါင်ရောင်၊ ဗိုက်နာ၊
ကလေး (၆ လမှ ၂ နှစ်) = ငို၊ စိတ်ဆိုး၊ အိပ်မရ၊ အားနည်း၊ မအီမသာဖြစ်။

၆ နှစ်မှ ၁၁ နှစ်အရွယ် ကလေး ၉ဝဝ ကျော်ကို Cetirizine ၂ ပါတ်မှ ၆ ပါတ်ပေးပြီး၊ သုတေသနလုပ်ခြင်း ရလဒ်များ
- အများစုတွင် သာမန်မှ အသင့်အတင့် ဘေးထွက်ဆိုးကျိုးများတွေ့ရ။
- လက္ခဏာ = ၅ မီလီဂရမ်-၁ဝ မီလီဂရမ်
- ခေါင်းကိုက် = ၁၁-၁၄%
- လည်ချောင်းနာ = ၆့၂-၂့၈%
- ဗိုက်နာ = ၄့၎-၅့၆%
- ချောင်းဆိုး = ၄့၎-၂့၈%
- ဝမ်းပျက် = ၁့၉-၄့၂%
- နှာခေါင်းသွေးယို = ၃့၇-၁့၉%
- ပျို့ချင် = ၁့၉-၂့၈%
- အန် = ၂့၅-၂့၃%
- ရင်ကြပ် = ၃့၁-၁့၉%

Cetirizine ဘယ်လောက်တိုက်ရမလည်း
၆ လမှ ၂ နှစ် = 2.5 mg တနေ့ ၁ ကြိမ်။ ၁၂ လအထက်ကိုလိုအပ်ရင် တနေ့ ၂ ကြိမ်။
၂ နှစ်မှာ ၅ နှစ် = 2.5 mg တနေ့ ၁ ကြိမ်။ ၁၂ လအထက်ကိုလိုအပ်ရင် 5 mg/day အထိတိုးနိုင်။
၆ နှစ်အထက် = 5 to 10 mg တနေ့ ၁ ကြိမ်။

Antihistamines (အင်တီဟစ်တမင်း) ခေါ် (အလာဂျီ) ဖြစ်ခြင်းအတွက် ဆေးများ = Cetirizine, Chlorpheniramine, Cinnarizine, Clemastine, Cyclizine, Desloratadine, Dexchlorpheniramine, Dimenhydrinate (most commonly used as an antiemetic), Dimetindene, Diphenhydramine (Benadryl), Doxylamine, Ebastine, Embramine, Fexofenadine, Levocetirizine, Loratadine, Meclozine Hydrochloride, Olopatadine, Pheniramine, Promethazine, Quetiapine

ကိုယ်ဝန်ဆောင်နေရင် (အင်တီဟစ်တမင်း) ဆေးသောက်တာသတိထားကြဘို့ ကောင်းတယ်။ အထူးသဖြင့် ပဌမ ၃ လအတွင်း။ အအေးမိတာ၊ တော်တော်တန်တန် နာတာ-ကိုက်တာက ဆေးလဲမလိုပါ။ ဆေးသောက်ရပြီဆိုရင်လဲ ဆေးထိရောက်မှုအတွက် အနည်းဆုံးလိုအပ်ချက်နဲ့ အတိုဆုံးရက်သာသုံးသင့်တယ်။ အစိုးရိမ်ကြီးစရာတော့ မဟုတ်ပါ။ အကျိုးနဲ့အပြစ် ချင့်ချိန်ရင် အကျိုးကပိုပါတယ်။

Cetirizine 5 mg/ 5 mL
၂-၅ နှစ် = 2.5 mL
၆-၁၂ နှစ် = 5 mL
၁၂ နှစ်အထက် = 10 mL

(အလာဂျီ) ဖြစ်စေတဲ့ အကြောင်းရင်းကို ရှာနိုင်-ရှောင်နိုင်မှသာ ပျောက်မှာပါ။ ဆေးက ဖြစ်လာတာကိုသာ သက်သာစေမယ်။

• Allergy testing (အလာဂျီ) စစ်ဆေးခြင်း http://doctortintswe.blogspot.com/2015/05/allergy-testing.html
• Bug Bites အကောင်ကိုက်ခံရခြင်း http://doctortintswe.blogspot.com/2016/03/bug-bites.html
• Cetrizine (အလာဂျီ) ဆေး http://doctortintswe.blogspot.com/2015/09/cetrizine.html
• Help me please Saya! ဆရာရေ ကယ်ပါဦး http://doctortintswe.blogspot.com/2016/04/help-me-please-saya.html
• Hives အင်ပြင် ထွက်ခြင်း http://doctortintswe.blogspot.com/2014/11/hives.html
• Allergic Rhinitis အလာဂျီ နှာခေါင်း http://dts-medicaleducation.blogspot.com/2010/08/allergic-rhinitis.html
• Allergy သို့မဟုတ် မတည့်အတူနေ http://dts-medicaleducation.blogspot.com/2010/05/allergy.html
• Allergy and Worm နာတာရှည် (အလာဂျီ) နှင့် သန်ကောင် http://dts-medicaleducation.blogspot.com/2010/09/chronic-allergies.html
• Allergy Medications (အလာဂျီ) ကို ဘယ်လို ကုသမလဲ http://dts-medicaleducation.blogspot.com/2011/05/allergy-medications.html
• Allergy Relief Kit (အလာဂျီ) ရှေးဦးသူနာပြု ဆေးအိတ် http://dts-medicaleducation.blogspot.in/2012/04/allergy-relief-kit.html
• Allergy Triggers (အလာဂျီ) ရစေတတ်တဲ့ အကြောင်းတရား (၁ဝ) ပါး http://dts-medicaleducation.blogspot.in/2012/03/10-common-allergy-triggers.htmlhttp://dts-medicaleducation.blogspot.in/2012/03/10-common-allergy-triggers.html

Dr. တင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး