ORS ဓါတ်ဆားထုပ်

၁။ ဆရာ BPI ဓါတ်ဆားက ကိုယ်ဝန်ဆောင်သောက်လို့ရလားရှင့်။

၂။ ဆရာ ဓာတ်ဆားဖျော်တာလေးမရှင်းလို့ပါ ရေဘယ်လောက် ml မှာ ဆားနဲ့သကြား ဘယ်လောက် ထည့်မယ်ဆိုတာလေး ရှင်းပြပါလားဆရာ ဓာတ်ဆားကို အသက်အငယ်ဆုံး ဘယ်အရွယ်ထိ တိုက်လို့ရသလဲ ဆိုတာလေးကော

၃။ ဆရာခင်များ လူတွေကဝမ်းလျှောတာဖြစ်ဖြစ် တခုခုဖြစ်လို့ ဆရာဝန်က ဓါတ်ဆားသောက်ဖို့ ညွှန်လိုက်ရင် သီးစုံဖျော်ရည်ထုပ်တွေ (အရပ်အခေါ် သီးစုံဓါတ်ဆား) တွေပဲသွားသွားသောက်နေကြပါတယ်။ အဲဒါ ဝမ်းက ပိုလျှောပါလေရော။ ကျနော်သိထားတဲ့ဓါတ်ဆားက ယခင်က BPI ထုတ်။ ယခု MPF ထုတ်နဲ့ UNICEF တို့က ထုတ်တဲ့ ဓါတ်ဆားတွေကမှ ဓါတ်ဆားအစစ်တွေလို့မြင်ပါတယ်။ အဲဒါကျနော်မြင်တာ မှန်ပါသလားဆရာ။ အများသိအောင် ရှင်းပြပေးစေလိုပါသည်ဆရာ။ အဲဒီနှစ်ခုကွာခြားပုံကို။

WHO နဲ့ UNICEF တို့ကထုတ်တဲ့ ORS ဓါတ်ဆားထုပ်ထက်ကောင်းတာ ကမ္ဘာမှာမရှိပါ။ ကိုယ်တိုက်လုပ်လို့လည်းရတယ်။ ရေကျက်အေး ၄ ခွက်ထဲမှာ သကြားလက်ဖက်ရည် ၈ ဇွန်း၊ ဆားလက်ဖက်ရည် ၁ ဇွန်းထည့်ပါ။ ဓါတ်ဆားထုပ်အညွှန်းကို ဖတ်ပါ။ လိုက်နာပါ။

ပါးစပ်ကနေ နိုင်အောင် ဖြည့်မပေးနိုင်ရင် သွေးကြောထဲကနေ သွင်းရမယ်။ လူနာကိုပြော့ခွေနေမယ်။ မျက်တွင်း ချိုင့်-ငယ်ထိပ်ခွက်နေမယ်။ လက်နဲ့ ဗိုက်က အရေပြား မ, ကြည့်ရင် တော်တော်နဲ့ အောက်ကို ပြန်မကျဘူး။ ခြေ-လက် အေးစက်နေမယ်။ လက်ကောက်ဝတ် သွေးခုန်တာ စမ်းလို့ခက်၊ စမ်းမရဖြစ်မယ်။ သွေးဖိအားကျ၊ တိုင်းမရ။ အရေးကတော့ ပေါ်ပြီ။ အသက်လုရပါတော့မယ်။ RL ဆိုတဲ့ Drip က ORS ပါဘဲ။ များများသွားရင် မြန်မြန်သွင်းပါ။ အကြိမ်များတာထက် ပြောခဲ့တဲ့ လက္ခဏာတွေက ပိုအရေးကြီးတယ်။ သွင်းတာနှေးသေးရင် နှစ်လုံးတပြိုင်တည်းသွင်းပါ။ တခါတလေ လက်နှစ်ဖက်၊ ခြေနှစ်ချောင်းကနေ Drips လေးခုကို တပြိုင်တည်းသွင်းရတတ်တယ်။ GE နဲ့ ကာလဝမ်းလိုဖြစ်ရင် လုပ်ရတတ်တာမျိုး။

အန်နေရင် နည်းနည်းချင်း ခဏခဏတိုက်ပါ။ ပိုတက်ဆီယမ်ရအောင် လိမ္မော်သီးရည် တိုက်ပေးပါ။ ငှက်ပျောသီးကျွေးပါ။ ကျွန်တော် ပြည်တွင်းမှာ မြို့နယ်ဆရာဝန်လုပ်စဉ်က စစ်ကိုင်းတိုင်း တိုင်းမှူး ဒေါက်တာ ကျော်ဝင်းကပြောဖူးတယ်။ ဓါတ်ဆားထုပ်ကို ရိုးရိုးရေနဲ့မဖျော်ပဲ အနံအသက်ကောင်းအောင် တခုခုသာထည့်လိုက်ရင် ပျက်ရောတဲ့။

- Diarrhea ဝမ်းပျက်ခြင်း https://doctortintswe.blogspot.com/2018/03/diarrhea.html
- Diarrhea in Children ကလေးဝမ်းသွားရင် http://doctortintswe.blogspot.com/2014/12/diarrhea-in-children.html
- Dysentery ဝမ်းကိုက်ရောဂါ http://doctortintswe.blogspot.com/2016/04/diarrhea-and-astrologer.html
- Gastroenteritis ဝမ်းတလုံးကောင်း ခေါင်းမခဲ http://doctortintswe.blogspot.com/2015/04/gastroenteritis.html
- Lactose Intolerance လက်တို့စ် နို့လက်မခံနိုင်တဲ့ ဝမ်းပျက်ရောဂါ http://doctortintswe.blogspot.com/2014/11/lactose-intolerance.html ကိုဖတ်နိုင်ပါတယ်။
- Rotavirus Vaccine ဝမ်းရောဂါကာကွယ်ဆေး http://doctortintswe.blogspot.com/2015/07/rotavirus-vaccine.html
- Rotavirus ရိုတာဗိုင်းရပ်စ် http://doctortintswe.blogspot.com/2015/07/rotavirus-vaccine.html
- Waterborne Diseases ရေကတဆင့်ကူးစက်သည့်ရောဂါများ http://doctortintswe.blogspot.com/2014/11/waterborne-diseases.html

မြန်မာနိုင်ငံသားတွေ ဝမ်းရောဂါဘေး ကင်းစင်ဝေးကြပါစေ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး