အငယ်ဆုံးသား မွေးနေ့

ကျွန်တော် ၁၉၉၀ ခုနှစ်အကုန် တိုင်းပြည်ကနေ ထွက်ပြေးရစဉ်က ရာဇာတင့်ဆွေက မောင်ဗမာစက်ဘီလေးနဲ့ ကျောင်းတက်နေချိန်။

သူဆယ်တန်းအောင်ပြီးတော့ ၁၉၉၅ ခုနှစ်ဆန်း အိန္ဒိယမှာ မိသားစုပြန်ဆုံကြတယ်။

သိပ်မကြာခင် သူက စကောလားရှစ်ရတာနဲ့ ယူအက်စ်အေ ရောက်သွားတယ်။ ၂ဝဝ၆ မှ သူ့ဆီအလည်ရောက်ပါတယ်။ သူတက်နေတဲ့ ဘလူမင်တန် ယူနီဗာစီတီကိုလည်း ရောက်ခဲ့တယ်။

၂ဝ၁၄ စက်တင်ဘာလကျမှ မိသားစုအားလုံး တခါပြန်ဆုံကြတာ သူနေထိုင်တဲ့ အင်ဒီယာနာပုလစ်မြို့မှာ။

ပုံထဲကသားအဖ ၁၃ နှစ်ပိုပြီး အသက်ကြီးလာကြပြီ။ လူတိုင်းရဲ့ မိသားစုတိုင်းမှာ အဲလိုပဲ အပြောင်းအလဲတွေ ကိုယ်စီ ရှိကြတယ်။

Photo taken in 2006 Math Hall, Bloomington, Indiana

ဒေါက်တာတင့်ဆွေ
၂၈-၁၂-၂ဝ၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး