Saiha ဆရာဝန် ခရစ်စမတ်

၁၉၉၀ ခုနှစ် မေလမှာ အမတ်အဖြစ် အရွေးခံရပြီး စင်ပြိုင်အစိုးရဖွဲ့ရေးမှာပါလို့ ထောက်လှမ်းရေးက နိုဝင်ဘာလ ၂၇ ရက်နေ့ည ပုလဲနေအိမ်မှာ လာဖမ်းတယ်။ ပြည်တွင်းမှာ ၂ ပတ်ကြာ ရှောင်တိမ်းပုန်အောင်းနေပြီး ပြည်ပထွက်ဖို့ ဆုံးဖြတ်လိုက်တယ်။

စိတ်တူသဘောတူ စုစုပေါင်း ၆ ယောက် ပုလဲကနေ ဂန့်ဂေါ၊ ဟားခါးအထိ ကားနဲ့။ နောက် ခြေလျင်ခရီး ၅ ညနဲ့ ၆ ရက် အဆုံးမှာ အိန္ဒိနယ်စပ်ကို ဖြတ်ဝင်ကြတယ်။ နယ်စပ်နားက စိုင်ဟားမြို့လေးမှာ ခရစ်စမတ်နေ့ ကျရောက်တယ်။ အတော်ကို အေးတယ်။ အခုလို ခရစ်စမတ်အကြိုနေ့မှာ ခရစ်စမတ်ညစာ စားရတယ်။

ကျွန်တော့်ကို ဆရာဝန်မှန်းသိလို့ စိုင်ဟားမြို့က အကြီးဆုံး မီဇိုးလူမျိုး ဆရာဝန်က ဖိတ်တာ။

ကွင်းပြင်ထဲမှာ မြို့နေလူကုန်လာကြတယ်။ မီဇိုးလူမျိုးအတွက်ဝက်သားက စပယ်ရှယ်။ မီးမြှိုက်ပြီးသန့်စင်ထားတယ်။ အတုံးကြီးငယ်တွေကို ဆီမပါ အဆာပလာမပါ နပ်နေအောင်ပြုတ်ထားတယ်။ ကြိုက်သလောက် ထည့်စား။ ဝါးကျည်တောက်ထဲမှာ ချဉ်ပေါင်ရွက် မဟုတ်တဲ့ ချဉ်ရည်။ ငရုတ်သီးခြောက်ကို ချင်းနဲ့ ထောင်းတယ်။ ဆားပုံစားရတယ်။ တောထဲ တောင်ပေါ်မှာ ဆင်းဆင်းရဲရဲနဲ့ လာခဲ့ကြတဲ့ ကျွန်တော်တို့အတွက် တသက်မှာ မမေ့စရာ။ ၂၉ နှစ်တိတိရှိသွားပြီ။

မဲရီးခရစ်စမတ်။ ဂေါ့ ဘလက်စ်ယူ။

ဒေါက်တာတင့်ဆွေ
၂၄-၁၂-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ