သည်ဆောင်းဟေမန် မြောက်ပြန်လေညှင်း

မန်
ဂိမ္မာန်
ငရမန်
ပန်းမန်ပန်းဖို
ဖိတ်မန်
မန် = မာလ် = အနွယ်မှပွင့်သောအပွင့် = ပန်း = ပန်းမာလာ
မန်ကျည်းကန်ရွာ
မန်လည်ဆရာတော်
မန္တတ်
ယမန်နေ့
သာမန်
ဟာနုမန်မျောက်
စေတမန်
ဆောင်းဟေမန်
တောင်သမန်

မာန်
ဘုံဗိမ္ခာန်
မဝမာန်
မာန်တက်ထောင်လွှားသည်
မာန်ပါပါပြောသည်
မာန်ကြီးသည်
မာန်မာန
မာန်ထောင်သည်
ဝတ္တမာန်
သိက္ခမာန်
အတ္တမာန်
စောင်းမာန်တက်သည်

ဟေ
သည်ဆောင်းဟေမန်
ညောင်ဗုဒ္ဓဟေပင်
ဟေတုပစ္စည်း
ဟေမန် (ဆောင်းရာသီ)
ဟေမဝ (တောနှင့် တောင်တန်း)
ဟေမဝါ (တောခြေတောင်တန်း၌ ဆီးနှင်းပြည့်၍ အေးသောတော)
ဟေဝန် = ဟေမဝန် (ဆီးနှင်းဖုံးသောတော)

သည်ဆောင်းဟေမန် မြောက်ပြန်လေညှင်း ဆော်တယ်ကို၊ နတ်တော်ပြာသို ခွာညိုတည့် နှင်းဖုံဖုံ

ရွှေဝတ်မှုန် ငွေဝတ်မှုန် သုံသုံလေယူလွင့်လို့ ရိုးတံဆင့် ပင်မြင့်ယံမှာ စမ္ပါယ်ညီလာ ထိပ်ခေါင်ပန်းမြတ် သမ္မတဘုရင် ငွေသဇင် ယဉ်နွဲ့ကာ ဝေဟင်ဘုံနန်း

ဇာတိ မြေမထိတော်ဝင်မာလာ ဖြူဖွေးလှိုင်လှိုင် ဝင်းတဖန့်ဖန့် ကြူမွှေးကြိုင်သင်း တပျံ့ပျံ့ နှင်းသန့်တဲ့မြိုင်မှာ ခိုင်ညှာနော့ကာ ယဉ်ကြော့နိုင်လွန်းကြရှာ။

သွယ်သွယ်ညွတ်ကိုင်း ရွှေကျိုင်းတလူလူသာ ငွေသိုင်းတံခွန်ထူကာ သဲဖြူငွေရာဇမတ်ကာ မင်းဘဏ္ဍာတော် မှတ်ချူရေးရာလှမ်း သည်ပန်းးမြတ်ကိုသာ ပန်ဆင်ချင်သူမှာ မှန်သိင်္ဂီစိန်စီနန်းမှာ အလှမ်းကွာ မနမ်းသာ လ ရာသီပြောင်း မြောက်ပြန်လေလောင်း သည်ဆောင်းဟေမန်ခါ။

ဝင်းတစ်ဖန့်ဖန့် ကြူမွှေးကြိုင်သင်း မဟုတ်ပါ။ တစ်ပျံ့ပျံ့ နှင်းသန့်တဲ့မြိုင်မှာ မဟုတ်ပါ။ ရွှေကျိုင်းတစ်လူလူသာ မဟုတ်ပါ။

သည်ဆောင်းဟေမန် - တေးရေး - ဂီတနက်သန်ကိုစောညိန်း - ဆို - မောင်မောင်ညွန် https://www.youtube.com/watch?v=xRXixeObxfM

သည်ဆောင်းဟေမန် တေးရေး - မြဝတီဝန်ကြီး - ဆို - ရီရီသန့်၊ တီး - စောင်းဦးမြင့်မောင် https://www.youtube.com/watch?v=gngsKeqPUEY

တဆောင်းသစ်ပြန်ပြီ

ကိုသန်းလှိုင် ရေးပြီး သူကိုယ်တိုင် ဆိုတယ်။ သီချင်းခေါင်းစဉ်သတ်ပုံလည်း မှန်တယ်။

နောက်အဆိုတော်တွေက ပြန်ဆိုကြတယ်။ သူတို့လည်း အသံကောင်းကြတယ်။ ဒါပေမဲ့ သီချင်းခေါင်းစဉ်သတ်ပုံကို စသတ်ထားကြတယ်။

ကျွန်တော် နိုင်ငံအတော်များများမှာ ဆောင်းရာသီမှာ နေဖူးတယ်။ ဆောင်းတိုင်းမှာ အေးတယ်။ ချမ်းတယ်။

မြန်မာပြည်မှာတော့ မတူတဲ့ဆောင်းများ သတ်ပုံခြားနားနေတယ်။ မြန်မာစာဖေါက်ပြန်ကတည်းက ရာသီဥတုတွေလည်း ဖေါက်ပြန်တယ်။ မလုပ်ကောင်းတာကို မလုပ်အပ်ပါ။

တဆောင်းသစ်ပြန်ပြီ https://www.youtube.com/watch?v=zO5vN-4o_eg

ဒေါက်တာတင့်ဆွေ
၂၁-၁၂-၂ဝ၁၇
၂၁-၁၂-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး