Soybean ပဲပုပ်






သွေးဆုံးသူများ ပဲပုပ်စား ဆိုတဲ့ ပဲပုပ်က ပဲငါးပိကိုပြောတာလားဆရာ။

ကျွန်တော်တို့ဆီမှာ ပဲပုပ်ဆိုရင် ပဲငပိသာ လူသိများကြတယ်။ ပဲပုပ်ကို အမျိုးမျိုးလုပ်စားလို့ရတယ်။ အသီးဆွတ်ပြီး ချက် ကြော် ပြုတ် သုတ်စားနိုင်တယ်။ အထဲကပဲကိုလည်း ကြော် လှော် ချက် ပြုတ် သုတ်စားနိုင်တယ်။ ပဲငပိလုပ်နိုင်တယ်။ ပဲပင်ပေါက်ဖေါက်တာလည်း ကောင်းတယ်။ ဆေးထုတ်ရောင်းတယ်။ လူနို့နဲ့ နွားနို့၊ ကျွဲနို့ထဲမှာပါတဲ့ လက်တို့စ်ဓါတ်ကို ခံနိုင်ရည် မရှိသူတွေ တိုက်ရ သောက်ရတယ်။ အမျိုးသမီးတွေနဲ့ သင့်တယ်။ သဘာဝ အီစထိုဂျင်ဟော်မုန်းပါတယ်။

Isoflavone ပဲပုပ်ဆေး https://doctortintswe.blogspot.com/2018/08/isoflavone.html
Soy milk ပဲနို့ https://doctortintswe.blogspot.com/2016/09/soy-milk.html
Healthy Ladies အမျိုးသမီးကြီးတွေ ကျက်သရေရှိကြပါစေ https://doctortintswe.blogspot.com/2016/04/healthy-ladies.html

ပဲပိစပ်လို့လည်းခေါ်တယ်။ ပုန်းရည်လုပ်တယ်။

ငပိသတ်ပုံလည်း သတိထားပါ။ ငပိဆိုတာ ငါးကနေသာလုပ်တာ မဟုတ်ပါ။ ငါးကလေးတွေ၊ ဗုဇွန်ဆိတ် (စွယ်စုံကျမ်း) လေးတွေကနေ လုပ်တယ်။

တချို့က စာလုံးကို အထအနကောက်ကြတယ်။ ကိုယ်ပိုင်အဓိပ္ပါယ် ဖွင့်ကြတယ်။ မြန်လို့ မာလို့ မြန်မာတဲ့ မဟုတ်ပါ။ အရင်က မြမ္မာလို့ ရေးခဲ့တယ်။

ကျွန်တော် အခုနေတဲ့အရပ်မှာ ပဲပုပ်တလှည့် ပြောင်းဖူးတလှည့် စိုက်ကြတယ်။ အခင်းကြီးတွေ ကြည့်လို့လှတယ်။ စီးပွါးဖြစ်တယ်။ ကျန်းမာစေတယ်။

ဒေါက်တာတင့်ဆွေ
၂၆-၁၂-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး