မီ နှင့် မှီ

၁။ လိုက်မှီလို့ရေးရမလား လိုက်မီလို့ရေးရမလားခင်ဗျာ

၂။ မြန်မာစာအသုံးမှာ မီနဲ့မှီ အသုံးကို သိချင်လို့ပါဆရာ ဖြေပေးနိုင်မလားဗျ

၃။ ခါတော်မှီ နှင့် ခါတော်မီမှာ ဘယ်ဟာက စာလုံးပေါင်းအမှန်လဲခဗျား။

၎။ အပမီ၊ အပမှီ။ ဘယ်ဟာ အမှန်လဲဆရာ။

၅။ ဆရာရှင့် မီ/မှီ သုံးတာအရမ်းမှားနေလို့ ရှင်းပြပေးပါရှင့်။ မမီမကမ်း၊ လှတာလိုက်လို့မမီ၊ သူ့အလှမမီ၊ တိုင်မှီ။ မှီခိုဆိုတာ မှန်လားရှင့်။ ဘယ်ပန်းချီရေးလို့မမီ၊ မကြာမီတွေမှာ ဟထိုးလိုလားရှင့်။ လူတွေ အရမ်းရေးကြတာ လှတာလိုက်လို့မမှီဘူးလို့ ဒါလဲဟထိုးပါရင် မှန်လားရှင့်။

၆။ အချိန်မီ အချိန်မှီ ဘယ်ဟာအမှန်လဲ ဆရာ

၇။ အချိန်မတိုင်မှီ ကြွေလွင့်ခဲ့ရတဲ့ မြန်မာ့အနုပညာကြယ်ပွင့်များ (မမှန်)

၈။ ခေတ်မှီ နေဆဲ တကွက် ကာတွန်း (မမှန်)

၉။ ကိုယ်ဉာဏ်မမှီ မသိတဲ့ အရာတွေကို စဉ်းစားပြီးမှ ပြောကြပါ။ (မမှန်)

၁၀။ ဆောင်းအမီကို ဆောင်းအမှီလို့ ခေါင်းစဉ်တပ်ထားတဲ့ ပြန်ဆိုသီချင်း (မမှန်)

၁၁။ အချိန်မတိုင်မှီ ကြွေလွင့်ခဲ့ရတဲ့ မြန်မာ့အနုပညာကြယ်ပွင့်များ (မမှန်)

မီ ဆိုတာ မတိုင်ခင်ကသဘောမှာ သုံးတယ်။ မ နဲ့တွဲပြီးသုံးတယ်။ မတိုင်မီ၊ မကြာမီ၊ မလာမီ၊ မသွားမီ၊ မပြောမီ၊ အချိန်မစေ့မီ။

နိုင်သည်သဘောလည်းသုံးတယ်။ လှမ်းယူလို့ရနိုင်သည်၊ လိုက်လို့ရနိုင်သည်။ မီအောင်လိုက်ပါ၊ မီအောင်ဆိုပါ။

မှီ ကို အားကိုးအားထားပြုသည်မှာသုံးတယ်။ တိုင်ကိုမှီနေသည်၊ မှီကပ်နေသည်၊ မှီတင်းနေထိုင်ကြသည်၊ မှီငြမ်းပြုသည်၊ မှီဝဲပါ၊ မှီအုံး၊ မှီခိုသူ။

လှတာ လိုက်လို့မမှီဘူးလို့ရေးတာ မမှန်ပါ။ လှတာက နာမဝိသေသန (သို့) နာမ်။ မမီဘူးဆိုတာက ကြိယာဝိသေသန။ သဒ္ဒါအရ မှားတယ်။ လှတာကို မှီခိုတာဆိုရင် အဓိပ္ပါယ်တမျိုးဖြစ်တယ်။ သူ့အလှကို လိုက်မမီဆိုရင် မှန်တယ်။ ကြီးရင်မှီ၊ ငယ်ရင်ချီ။ မကြာမီ လာမည်။

မောင်ပန်းမွှေး ယုန်လိုက်တယ်။ တောကျောင်းဘုန်းကြီး မြင်လိုက်တယ်။ လိုက်ကြပါလား တပည့်များ။ လိုက်လို့မမီ ပြေးပြန်ပြီ။

ဘယ်ပန်းချီရေးလို့  မမီ (ဇော်ဝမ်း) https://www.youtube.com/watch?v=SnbTOvfewq0

ဆောင်းအမီ - စောင်းလှိုင်ဝင်းမောင် နှင့် အဖွဲ့ https://www.youtube.com/watch?v=bebmS0ScU8Y

ခေတ်မီမီ ကမ္ဘာကြီးရှုမြင် ခေတ်ရော ရှေးမီ သမားကျော်များပင်
ကိုအံ့ကြီး - လူချွှန်လူကောင်း https://www.youtube.com/watch?v=SSc8clgK3oE

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ