ထပ်တရာလမ်း





ထပ်တရာလမ်း - ရေး မြို့ မငြိမ်း၊ ဆို ဝင်းဦး https://soundcloud.com/maungko/record

ပြန်ဆိုတွေမှာ တကိုစသတ်ထားတယ်။ သီချင်းတော့ မသိ။ စာဖတ်ရတာ တစ်နေတယ်။ အဲလိုမလုပ်ကောင်းပါ။ ကိုယ်တတ်ရင် ကိုယ့်သီချင်းကို ကိုယ်ကြိုက်တဲ့သတ်ပုံနဲ့ရေးပေါ့။ မြို့မငြိမ်းကို နာမည်မဖျက်သင့်ပါ။

ထပ်တရာ

အိုးစည်ဗုံသံ ခြမ့်ခြမ့်ညံ
ညီညီလေးတို့ တီးမှုတ်သံ။

ကိုယ်ဟန်နွဲ့လျ ဆံမြိတ်ချ
မမငယ်က ယဉ်အောင်က။

သီကြဆိုကြ တေးကဗျာ
သူငယ်ချင်းတို့ ဝိုင်းဖွဲ့ကာ။

ထပ်တရာ ပြန်ကာကြော့
တေးသံနော့နော့ လည်မော့မော့။ (နုယဉ်)

ထပ်တရာကဗျာရှိတယ်။ ထပ်တရာပန်းရှိတယ်။ ထပ်တရာကို ထပ်တရာလိုစားမယ်တဲ့ မုံရွာကရောင်းတဲ့ဆိုင်က။ စာရေးတဲ့သူတွေကတော့ ထပ်တရာကို ထပ်တရာလို့ ရေးကြပါသေးရဲ့လား မသိ။

ဒေါက်တာတင့်ဆွေ
၂၂-၁၂-၂၀၁၉

Comments

Popular posts from this blog

Bad breath ခံတွင်းနံ့ မကောင်းရင်

Insomnia အိပ်မရခြင်း

ရန်ကုန်မြို့က ကြိုဆိုပါ၏