တကိုယ်ရေထဲတူညီ

မြန်မာစာကို အလေးထားသူတယောက်က ပို့ပေးတယ်။ ကျေးဇူး။

မင်းသုဝဏ်ရဲ့ ကဗျာကို မြို့မငြိမ်းက ရေးပြီး မြို့မကိုဘစိန်ကဆိုတဲ့ သီချင်း။ နောက်တော့ ဝင်းဦးကပြန်ဆိုပါတယ်။

Jonathan Livingston Seagull စာအုပ်ကို ဦးဘသန်း (ဓမ္မိက) ကနေ ဘာသာပြန်တော့ ယောနသံ ဇင်ယော်လို့ အမည်ပေးပါတယ်။

ထဲ နဲ့ တည်း နှစ်မျိုးရေးကြတယ်။ သတ်ပုံစာအုပ်ဟောင်းတခုထဲမှာ ဇင်ယော်ငှက်၊ စင်ရော်ငှက်လို့ မူကွဲပြထားတယ်။ မြန်မာစာ တဦးတည်း တကောင်ထဲ မတူညီပါတကား။ မူကွဲရှိတာကို သိရမယ်။ မူကွဲကို တသမတ်တည်းလုပ်ခိုင်းတာ မတရားပါ။
မြို့မငြိမ်းက (တစ်) ကိုယ်ရေထဲတူညီလို့ မရေးပါ။ အဲလိုသာရေးရင် မြို့မကိုဘစိန် နဲ့ ဝင်းဦးတို့ သီချင်းဆိုတာ တစ်နေကြလိမ့်မယ်။

ဒေါက်တာတင့်ဆွေ
၂၀-၁၂-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး