မိုဃ်း


ကွန်မင့်တခု ရတယ်။

ဃ နဲ့ဆိုင်တဲ့ အသတ်တွေကို အသတ် တွေထဲက ထုတ်လိုက်တာဆရာ အရင်က မိုးဃ်းကြိုးကို အခု မိုးကြိုး ပါဠိ အသတ်တွေ မြန်မာစာမှာ ဖယ်ခဲ့ပြီ တဲ့။

သိပ်တော့ မရှင်းလင်းပါ။ ဘယ်သူတွေက ဘာကြောင့် ဃ် ကို ဖယ်ခဲ့သလဲ။ ဖယ်ပိုင်ခွင့်ရှိသလား။

အခုအဲလိုရေးရင် ဆင်ဆာလုပ်မှာလား။ ထုတ်ဝေခွင့် ပိတ်မှာလား မသိပါ။ စစ်အစိုးရဆင်ဆာအဖွဲ့ကတော့ တကို တစ်မလုပ်ရင် ထုတ်ဝေခွင့် မပေးခဲ့ပါ။

လိုက်ရှာပါတယ်။ တွေ့တယ်။
သကျမုနိမိုဃ်းကောင်းဘုရားကြီး
ရွှေဘုံသာ မိုဃ်းကောင်းစေတီတော်
ပညာဒါန မိုဃ်းကောင်းကျောင်း
မိုဃ်းမခ ပိုးထည် ချည်ထည်
ပန်းပွင့်သည်မိုဃ်းကောင်းကင်ပန်းချီ
မိုဃ်းဝေကဗျာများ - ရှိတ်စပီးယား
မိုဃ်းဝေကဗျာများ

ရှိသေးတယ်။ ကျွန်တော့်အယူအဆက ဘယ်တုန်းက ဘယ်ထဲမှာ ဘယ်လိုရေးခဲ့တယ်ဆိုတာ မဖျောက်ဖျက်ကောင်းတဲ့ သမိုင်းမှတ်တမ်း ဖြစ်တယ်။ အဲတာတွေကို လိုက်မပြင်အပ်ပါ။ ကိုယ်တည်တဲ့ဘုရား၊ ကိုယ်ရေးတဲ့စာမှာ ကိုယ်မှန်တယ် ထင်တဲ့ သတ်ပုံနဲ့ရေးတာ သိပ်မပြောလိုပါ။

အရင်က အထင်ကရရေးထာတာတွေကို လိုက်ပြင်ပြီး ထုတ်ဝေရောင်းစားခြင်းဟာ ပညာပိုင်းဆိုင်ရာ မူပိုင်ခွင့်ကို အလွဲသုံးစားတာဖြစ်တယ်။ မလုပ်ကောင်းပါ။ ရပ်တန်းက ရပ်သင့်ကြပါပြီ။

ဒေါက်တာတင့်ဆွေ
၁၈-၁၂-၂၀၁၉

Comments

Popular posts from this blog

Menoral ဟော်မုန်းဆေးတမျိုး

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

ပုတ် နှင့် ပုပ်