ဝါဂွမ်း

စနိုးတွေ ဖုံးနေတဲ့ အပင်တွေမြင်တော့ ငယ်စဉ်က ဝါပင်တွေကို သတိရတယ်။

ရွာတွေမှာ ဖြူဖွေးပြီး အဆုပ်လိုက်ပွင့်နေတဲ့ ဝါခင်းတွေရှိခဲ့တယ်။ ဆရာဝန်ဖြစ်တော့ ဝါစိုက်တာ နည်းသွားကြပြီ။ မြို့သာမှာ ဝါစက်တွေ ပိတ်ထားရတယ်။ ပုလဲက ဝါစက်ဝင်းကြီးထဲက ဝါလှမ်းခုံပေါ်မှာ တင်းနစ် ကစားကြတယ်။

တခြားတိုင်းပြည်တွေရောက်တော့ ကော်တွန်အထည်တွေက ဈေးကြီးတယ်။ ဝတ်လို့လည်းကောင်းပြီး ကျန်းမာရေးနဲ့ ညီညွတ်တယ်။ ချည်သား ပင်နီသား အဝတ်အထည်တွေက အကောင်းဆုံး။

နှစ်ပတ်လည်နေ့ အခေါ်တွေထဲမှာ ၂ နှစ်ပြည့်နေ့က 2 years Biennial Cotton ဝါဂွမ်းတဲ့။

ဒေါက်တာတင့်ဆွေ
၁၆-၁၂-၂ဝ၁၉

Comments

Popular posts from this blog

Menoral ဟော်မုန်းဆေးတမျိုး

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

ပုတ် နှင့် ပုပ်