The Old Man and the Sea တံငါအို သို့မဟုတ် ဇရာ

ရေးထာတာ လေးနှစ်ကြာပြီ။ သူငယ်ချင်းက ကာရာအိုကေဆိုထားတာ တွေ့လို့။ သီချင်းစာတွေက ပေါ်လစီသတ်ပုံတွေ ဖြစ်လို့ မသုံးဆော့ပါ။ ဆောရီးသူယ်ချင်း။

ဇရာလို့ပြောသံကြားတိုင်း ဇရာသီချင်းကိုသာ သတိရတယ်။ ဘိုကလေးတင့်အောင်ရေးသားပြီး ကိုမင်းနောင်ဆိုတဲ့ တံငါအိုတယောက်အကြောင်း ရေးဖွဲ့ထားတဲ့ ဇရာသီချင်း။

အဏ္ဏဝါ ကမ်းခြေအနီးမှာ၊ ဇရာပို တံငါအိုကြီး ဘဝခရီးကိုတွေး တွေး ရင်လေးမိတာ၊ ငိုက်ဆွေးသလိုနွမ်း ပိုက်အဆွေးကို ထမ်းကာ၊ တလှမ်းခြင်းလှမ်းရင်း၊ ဝမ်းတွင်းမချိသမျှ အတိအကျပေါ်လာ။ အော် မြစ်ပြင်ရယ်ကျယ်ပါဘိလေး၊ ငါးတွေ သည်မြစ်ကြောမှာ ပေါပါဘိလေး။ သို့သော် သည်ပိုက်အဆွေးနဲ့ လိုက်ရေးမလွယ်ပါ။

နုပျိုသစ်လွင် ငယ်စဉ်ကိုမှန်း။ လွမ်း မျက်ရည်ဖြာ။ အင်အားသန်မာ လူလုံးကျစ်လစ်။ ပိုက်သစ်ကိုဆွဲကာ၊ လာလာလေ ရွှေငါးကြင်းတို့။ အိမ်အပြန်ငါးတန်ထမ်းလို့၊ မှန်းကာကြည့် လွမ်းပါဘိလေး။

ဇရာဖိစီး ခရီးမတွင်သောဘဝမှာ၊ ကျန်သေးသမျှ အားဆောင်ကြည့်ရှာ၊ ကံပေးမှ ငါးတကောင်မိမှာ။ အလို ကြည့်စမ်းပ စားစရာ ငါးသတ္တဝါ၊ ဟင် ပိုက်မှာတွယ်ငြိ မိတန်ကောင်းရဲ့တခါ၊ အသာအယာချော့ကာဆွဲ၊ အသက်ပင်မရှူရဲ လက်ထဲ လက်ထဲ လက်ထဲရောက်လု ခုအချိန်မှာ

လွတ်လေပြီ ရွှေရည်ဝင်းသည့်ငါး ငါးသတ္တဝါ၊ ခုန်လွှားပြန်ဆင်း မြစ်တွင်းအဏ္ဏဝါ။ တငါအို ဗျာပိုလှိုက်လှဲ မျက်ရည်ဝဲ။ အားခဲလို့မဖြေသာ၊ လူကဇရာ ပိုက်မှာဆွေး၊ ငိုကြွေးမည်တမ်း မြစ်ကမ်းဗွေအဏ္ဏဝါ။

The Old Man and the Sea စာအုပ်ကို အမေရိကန်စာရေဆရာ အားနက်စ်ဟယ်မင်ဝေးက ရေးပါတယ်။ ၁၉၅၁ ခုနှစ် ကျူးဘားမှာရေးတာ။ ၁၉၅၂ မှပဌမအကြိမ်ထုတ်တယ်။ အဲဒီစာအုပ်ရေးချိန်မှာ စာရေးဆရာလည်း အသက်ကြီးပြီ။ ၁၉၅၃ မှာ ပူလစ်ဇာဆုရတယ်။  ၁၉၅၄ မှာ နိုဗယ်ဆုရတယ်။ စာအုပ်ကို အကြိမ်ကြိမ်ပြန်ထုတ်တယ်။ စပယ်လင် မပြင်ပါ။ တရားစာတွေ၊ ဝတ္ထုတွေ၊ ကဗျာတွေ၊ သီချင်းစာသားတွေကို ပြန်ထုတ်ရင် သတ်ပုံပြင်တာ ကမ္ဘာမှာ မြန်မာစာသာရှိတယ်။

လွတ်လေပြီ ရွှေရည်ဝင်းသည့်ငါး ငါးသတ္တဝါ၊ ခုန်လွှားပြန်ဆင်း မြစ်တွင်းအဏ္ဏဝါ။

ဒေါက်တာတင့်ဆွေ
၂၉-၁၂-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ