China jails gene-edited babies scientist for three years

တရုပ်သုတေသနဆရာဝန်တဦး ထောင်ချခံရ

ဆေးပညာကျင့်ဝတ်ချိုးဖေါက်မှုနဲ့ တရုပ်တွဲဘက်ပါမောက္ခ He Jiankui ဟီဂျူအင်ကွီကို ထောင် ၃ နှစ် ချမှတ်လိုက်ပါတယ်။

ဒေါက်တာဟီက မျိုးဗီဇပြုပြင်ထားတဲ့ကလေးအမြွာကို ဖန်တီးပြီး မွေးပေးခဲ့တယ်။ HIV ခံနိုင်ရည်ရှိစေအောင်လုပ်နည်းသစ် ဖြစ်ပါတယ်။ သန္ဓေသားကို မျိုးဗီဇပြုပြင်မှုလုပ်တယ်။ တားမြစ်ထားတာကို သုတေသနလုပ်လို့ ကမ္ဘာ့ တခြားနေရာတွေကပါ ပြစ်တင်တာခံရတယ်။

ဒေါက်တာဟီက ၂၀၁၈ ခုနှစ် နိုဝင်္ဘာလထဲမှာ လူလာ နဲ့ နာနာ အမြွာမွေးတာကို  အေပီသတင်းဌာနက ဗီဒီယိုမှတ်တမ်း တင်ခဲ့တယ်။

ဒေါက်တာဟီကို ငွေဒဏ် ယွန် ၃ သန်း (ဒေါ်လာ ၄ သိန်း ၃ သောင်း) ပါချမှတ်တယ်။ အလုပ်ပြုတ်တယ်။ သူနဲ့အတူ တခြား ၂ ယောက်ကိုပါ ဒိထက်နည်းတဲ့ ပြစ်ဒဏ်ချတယ်။ ရှန်ဇန်းတရားရုံးက သူတို့ဟာ နာမည်ကြီးအောင် အကျိုးအမြတ် ရအောင် ဆေးပညာကျင့်ဝတ်ကို ချိုးဖေါက်တာလို့ ဆိုပါတယ်။

ဆေးသုတေသနမှာ CCR5 ခေါ်မျိုးဗီဇကိုဦးတည်ပြောင်းလဲမှုလုပ်ပါတယ်။ သူ့ဆေးသုတေသနမှာပါလိုတဲ့ သဘောတူ စုံတွဲ ၇ တွဲရခဲ့တယ်။ ယောက်ျားတွေမှာ HIV ပိုးရှိနေကြပြီး ဇနီးတွေကို မကူးသေးပါ။ မျိုးဗီဇပြုပြင်ထားတဲ့ သန္ဓေသားကို IVF နည်းနဲ့ မွေးစေတယ်။ အဲဒီ gene-editing technology နည်းပညာကို CRISPR-Cas9 ကနေ CCR5 gene ပြောင်းနည်းလို့ ခေါ်ပါတယ်။

ဆင်ဟွာသတင်းဌာနအဆိုအရ အဲလိုကလေး ၃ ယောက်ရှိပြီလို့ဆိုပါတယ်။ ကလေးတွေကိုတော့ ဆေးပညာအရ စောင့်ကြည့်နေပါတယ်။ ပြောသလို ဟုတ် မဟုတ် မသိနိုင်သေးပါ။

ဆေးပညာမှာ သစ်ဆန်းတိုးတက်မှုတွေ အမြဲရှိနေတယ်။ ကျင့်ဝတ်အရ သုတေသနမလုပ်ရလို့ သတ်မှတ်ထားတာတွေ ရှိတယ်။

မြန်မာပြည်မှာ သုတေသနလုပ်ငန်းတွေ တိုးတက်ပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၃၀-၁၂-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး