တက္ကသိုလ်ကျောင်းသူတဦး

ဆရာ ရန်ကုန်တက္ကသိုလ်ကလဲ တစ် လုပ်ထားပြန်ပြီရှင့်

ရန်ကုန်တက္ကသိုလ် နှစ်ငါးဆယ်ပြည့်စာစောင် ၁၉၇၀ ထဲမှာသည်လိုရေးခဲ့တယ်။
အသင်းတသင်း၏ အတွင်းရေးမှူးတယောက် မန်းတင်
တက္ကသိုလ်ကောင်စီလာတဦး၏ အတွေ့အကြုံ တက္ကသိုလ်ကောင်စီလာတဦး
၁၉၂၉ မှသည် ၁၉၃၃ တခေတ်မို့ ဓို့ ဓ ဓွေ
သတ္တိရှိသော သစ်တပင် (ကဗျာ) မောင်စိန်ဝင်း (ပုတီးကုံး)

တက္ကသိုလ်ကျောင်းသူတဦးသီချင်းကို ဘိုကလေးတင့်အောင်ကရေးပြီး ကိုမင်းနောင်ကဆိုပါတယ်။ ပြန်ဆိုတွေလည်း များတယ်။ ယူကျုမှာရှင်ရင် အကုန်လုံးက တစ်လုပ်ရေးထားတယ်။ မုံရွာတက္ကသိုလ် တခုတည်းသာ သတ်ပုံမှန်တာ တွေ့ရတော့တယ်။

တက္ကသိုလ်ကျောင်းသူတဦး

တက္ကသိုလ်ကျောင်းသူတဦး လှပုံထူးသမျှ တွေ့ရဖူးသည်မှာ
ကြည်စွာဘဝင်နှလုံး ရွှင်ပြုံးမြေ့ကာ ယနေ့သာတိုင် သြော် မေ့ပါနိုင်အမြဲ
တသက်သက်စိတ်ထဲမှာ မျှော်ကာတွေး ငေးမိအခါခါ

အင်းယားကန်အပါး လျှောက်ကာသွား အနားယူသောတနေ့မှာ
ယဉ်စွာယဉ်စွာ ဆင်ယင်ထုံးဖွဲ့ပြုံးလဲ့လဲ့ချစ်စရာ
ပွင့်သစ်လာသည့်ပန်း လန်းတဲ့ပုံပမာ
တက္ကသိုလ်ကျောင်းသူတဦး ချစ်ကြည်နူးစရာ လှပကြော့ယဉ်စွာ

တပတ်လျှိုဆံထုံးကြော့မှာ တပွင့်ပန်းပန်လာ
ရှုကာငေး နုဝါအသွေး လက်ရှည်ထူထူလေးဝတ်ကာ
ကြက်သွေးနီနီ ထဘီပန်းခက် ယဉ်သထက်ယဉ်စွာ
နက်မှောက်ကတ္တီပါ လှပယဉ်ကျေး ပုံတော်လေးနဲ့ပါ

မြန်မာဆန်ဆန် အနောက်ဟန်မနှော မဖောက်ပြန်သော သဘောထား ဝတ်စားတန်ဆာ
ရှုတိုင်းယဉ် အဆင်ပြေကာ အချိုးကျကျ လှပလို့ချစ်စရာ
တွေ့ခဲ့ဖူးတဲ့ တက္ကသိုလ်ကျောင်းသူတဦးပါ

ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ မပြည့်ခင်မှာ တစ်ကသိုလ်ဖြစ်ကုန်ကြပြီ။ ဘိုကလေးတစ်အောင် ဖြစ်ကုန်ကြပြီ။ ဆောရီး။ ကန်တော့။

ဒေါက်တာတင့်ဆွေ
၂၁-၁၂-၂၀၁၉

ရံပုံငွေ ရန်လုပ်ခံရခြင်း

ရန်ကုန်တက္ကသိုလ် ရာပြည့်ရန်ပုံငွေလို့ တွေ့တယ်။ ကျွန်တော်တို့ပညာသင်စဉ်က ရံပုံငွေ နဲ့ ရန်သူလို့ ခွဲမှတ်ထားခဲ့တာ။

ရံ
ကာရံသည်
ကိုယ်ရံကြီးပင်
ကိုယ်ရံတော်
တခါတရံ
တရံရောအခါ
ထရံ
ဗညားရံ
ရံကာသည် (ကာရံသည်)
ရံပုံငွေ
ရံပတ်
ရံဖန်ရံခါ (ရံဘန်ရံခါ)
ရံစောင်ထားသည် (အရံအစောင့်ထားသည်)
ရံရွေတော်
လှည်းရံတိုင်
ဝန်းရံ ပံ့ပိုးသည်
ဝိုင်းရံသည်
အကာအရံ
အရံအတား
ကျောင်းနံရံ
ခြွေမှ ရံသည်
ရွှေစာရံဘုရား
နွားမရံရွာ

ရန်
ကာရန်ဝါကျ (ကာရံဝါကျ)
ခန့်ရန်
ခိုက်ရန်
စရန်စက
စားရန်ငွေ
စားရန်သောက်ရန်
ဒွတ္တရန်မင်း
နန်းရန်ညွန့်ဖူး ရွှေနားနူးလော့
ပန်းရန်ဆရာ
ပရန္နဝါ
ပါပိရန်မင်း
ပိုးပုရန် (ရောင်ဝါဆင်းစံ ပိုးပရံသွေး)
ဖိနပ်တရန်
ပြုလုပ်ရန်
ရန်ကင်းတောင်
ရန်ကုန်မြိ့
ရန်စွယ်နှင့်ငေါငေါ
ရန်ဆူးရန်ငြောင့်
ရန်တုံ့မူသည်
ရန်တပိုစာချုပ် (ရန္တပိုစာချုပ်)
ရန်ပုံခွင်းအမြောက်
ရန်ပုံငွေ (စစ်အစိုးရခေတ်ထုတ်သတ်ပုံ)
ရန်ပွဲ
ရန်ဖျဉ်ပေးသည်
ရန်ကြီးအောင်
ရန်ငြိမ်းပြီ
ရန်ငြိုးဖွဲ့သည်
ရန်မာန်ဘေးဒဏ်
ရန်မီးငြိမ်းပြီ
ရန်မူသည်
ရန်ပြုသည်
ရန်သတ္တရုပြုသည်
ရန်သူ
ရန်တွေ့သည်
ရန်ပြေမာန်ပြေ
လက်ကောက်တရန်
သွားရန်လာရန်
သုနာပရန်
အတွင်းရန် အပြင်ရန်
ရောင်းရန် ဝယ်ရန်

ရန်ကုန်တက္ကသိုလ်က ကံ့ကော်ပန်း မွှေးသေးရဲ့လား မသိ။

ဒေါက်တာတင့်ဆွေ
၂၁-၁၂-၂၀၁၉


တက္ကသိုလ် ရွှေပြည်စိုး

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး