ကားတာယာလှည်းဘီး

ကွန်မင့်တခုရတယ်။ ကျေးဇူး။

(စ) သတ်ပုံကျမ်းကြီးနဲ့ကို အတိအလင်းမှား ပစ်လိုက်ပြီး စနစ်တကျ နှစ်ပေါင်းများစွာ ဖျက်ဆီးခံလိုက်ရတော့ ခုမှ ပြန်တည်ဆောက်နေကြရတာ ဆရာ။ သတ်ပုံနဲ့ ယူနီကုတ်က မဆိုင်ပါဘူး။ ယူနီကုတ် မသုံးသူတွေလဲ သတ်ပုံမှား ကြပါသေးတယ် ဆရာ။ ယူနီကုတ်စနစ် ပိုမိုတိုးတက်လာရင် သတ်ပုံ၊ သဒ္ဒါ အသုံးအနှုန်းတွေ ပိုမှန်အောင် မြန်မာစာစစ်စနစ်တွေ တည်ထွင်ထည့်သွင်းလာနိုင်မှာပါ။ ခု အင်္ဂလိပ်စာကို Microsoft Word မှာ ရိုက်ရင် အမှား ပြပေးနိုင်သလိုမျိုး၊ Grammaly နဲ့ သဒ္ဒါအမှား စစ်ပေးနိုင်သလိုမျိုးပေါ့ဆရာ။ (ဆုံး)

ဟုတ်။ စက်တင်္ဘာလထဲမှာ တယောက်က ယူနီကုဒ်သုံးရင် စာရေးတာတွေ မှန်လာမယ်ပြောသေးတယ်။ သိတာပေါ့ ဘယ်လိုလုပ် မှန်လာနိုင်မှာလဲ။ အရစ်ထည့်တာမျိုးသာ အရင်ရိုက် နောက်ရိုက် မှန်ချင်မှန်မယ်။

သတ်ပုံနဲ့ သဒ္ဒါ မှားသူတွေက ဘာဖေါင့်နဲ့ရိုက်ရိုက် မှန်မလာနိုင်။ လက်နှိပ်စက်နဲ့လည်း မှားမယ်။ လက်ရေးလည်း မှား၊ ဆိုင်းဘုတ်ရေးလည်း မှားမယ်။

ကျွန်တော့်တင်ပြချက်က ယူနီကုဒ်ကြောင့် အမှားတွေကို မြန်လာစေတာပါ။

စပယ်လင်ချက်ကို အခုနေသာလုပ်လို့ကတော့ သွားပြီ။ မြန်မာစာ ပြန်လမ်းမရှိနိုင်တော့။

ကျွန်တော်မျှော်လင့်ချင်တာက ပညာ မှန်ကန်တိုးတက်လာစေချင်တာ။ နည်းပညာတော့ ခေတ်မီအောင် သင်ယူလို့ ရတယ်။ အခုလိုပညာရေးအဆင့်မှာ နည်းပညာနဲ့ ပောင်းစပ်ပေးခြင်းဟာ လှည်းဘီးအစား ကားတာယာ ပြောင်းတပ်သလိုထက် နည်းနည်းသာပိုကောင်းမယ်။ စီးလို့ ငြိမ့်တာပေါ့။

ဒေါက်တာတင့်ဆွေ
၂၁-၁၂-၂၀၁၉

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး