ရွှေရိုးအက

ကြည့်စမ်းပါ့ ဆူဆူညံ
ဘာသံထင့်လေး။

ထက်နဘန် ပဲ့တင်ထပ်
ဒိုးပတ်သံတေး။

ဝိုင်းရှေ့က ခုန်လွှားပျံ
ဘာဟန်တဲ့လေး။

မြန်မာ့ဟန် မြင်နေကျ
ရွှေရိုးအကလေး။

တခါလာ ရွှေရိုးအက
ပုဆိုးက ကွက်ထောက်ဆင်
ပေါ်အင်္ကျီ ဖိုးယိုဖား
ကိုးယိုကား အသွင်ပြင်
နှုတ်ခမ်းမွေး စွယ်စုံတင်
သူ့လက်တွင် ပုသိမ်ထီး။

သူ့ခေါင်း ထည်ပုဝါနဲ့
သူ့ခမြာ ခုံဘိနပ်
ဒိုးပတ်သံဟည်း။

ရွှေရိုးဟန် မြင်လာရ
ကာလဖြင့် ရှည်ကြာ
တခါလာ မဲပြာပုဆိုးပေမယ့်
မရိုးနိုင်ပါ
ဆင်းရဲသား အောက်တန်လွှာ
ပုံပမာ အရိပ်ထိုး။

အမြင်မလှပေမယ့်
ဘဝ တကယ်ယှဉ်၍
ကြည့်တတ်လျှင် ကြာလေနု
ပြည်သူ့ရွှေရိုး။

၁၉၇၁ ခု ဒီဇင်္ဘာလထုတ် မြဝတီမဂ္ဂဇင်းပါ အောင်ကြည်စံ (ချောက်) ရဲ့ ကဗျာ။ ပုံအတွက် ကျေးဇူး။

တစ်ခါလာလို့ ရေးကြတဲ့ခေတ်မှာ ရွှေရိုးဘဝ အခြေမလှရှာ။

ဒေါက်တာတင့်ဆွေ
၂၃-၁၂-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး