သံလက်သီး

ကွန်မင့်မှာ ပုံတွေလာမတင်ပါရန်လို့ အကြိမ်ပေါင်း များစွာတင်ပြထားတယ်။ ကနေ့ ထပ်တင်တာ ၂-၃ ခါ။ လက်နဲ့ အဆိုး အကောင်းမရေးအားရင် ဘာတခုမှ လာမတင်စေလိုပါ။

တယောက်လာလည်းဒါ ထပ်ထပ်လာတော့ မြင်ရတာ အီနောက်လာတယ်။ တချို့ပုံတွေက ငိုတာလား ရယ်တာလား မသိ။

တချို့က ခွေးပုံ၊ ကျွန်တော်က ဘာအကောင်မှ မမွေးပါ။ ထူးပြီးလည်း မချစ်ပါ။ တချို့က အသဲပုံ။ ကျွန်တော်က အသဲရောင် အေ ဘီ စီ စာတွေသာရေးတယ်။

တချို့ကလက်မထောင်တယ်။ ငါ့ကွလို့ ပြောလိုသလားမသိ။ အခုပုံက သံလက်သီးနဲ့ ထိုးချင်းတာလို့ ယူဆတယ်။ တခြား ကောင်းတဲ့အဓိပ္ပါယ် ရှာမရပါ။ သံလက်သီးပုံ မကြာမကြာ အပြခံရတယ်။

လက်နဲ့ အဆိုး အကောင်းမရေးအားရင် ဘာတခုမှ လာမတင်စေလိုပါ။

ဒေါက်တာတင့်ဆွေ
၂၅-၁၂-၂ဝ၁၉

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး