တကျိပ်ဆိုတာ တဆယ်

ရဲဘော်သုံးကျိပ်မိသားစုတွေ သတင်းတွေ့တယ်။ တကျိပ်ဆိုတာ တဆယ်လို့ လူတိုင်းတော့ မသိလောက်။

ကျိပ်
တကျိပ် = ၁ဝ = တဆယ် (တစ်ဆယ် မဟုတ်)
နှစ်ကျိပ်ရှစ်ဆူ = ၂၈ ဆူ

ကျိတ်
ကင်ဆာအကျိတ်
ကျိတ်၍ခံ
ကျိတ်၍ကြံ
ကျိတ်ကြံကျိတ်လုပ်
ကျိတ်ဓား
ကျိတ်ပင်
ကျိတ်ပုတီး
ကျိတ်မျိုသည်းခံ
တကျိတ်တည်းတဉာဏ်တည်း
တကျိတ်တည်းတကြံတည်း
ရင်သားအကျိတ်
သားအိမ်အကျိတ်
သုကျိတ်မျောက်
အကျိတ်အခဲ
အကျိတ်အဖု
ဦးနှောက်အကျိတ်

ကြိတ်
စပါးကြိတ်စက်
ထိုးကြိတ်သည်
ကြိတ်ဆုံ
ကြိတ်ကြိတ်တိုး စည်ကားသည်
ကြိတ်ကြိုးစားသည်
ကြိတ်မှန်ပင်
ကြိတ်မှိတ်ခံသည်
ကြိတ်မနိုင်ခဲမရ
ကြိတ်နှုန်း
ဝါကြိတ်စက်
သွားကြိတ်သည်
အံကြိတ်
အကြိတ်အနယ်၊
အကြိတ်အနယ်ပြိုင်သည်

ဒေါက်တာတင့်ဆွေ
၂၆-၁၂-၂ဝ၁၉

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး