Unicode ဖြေနေရတာ တကယ့်ကို အခါတရာကျော်ပြီ

ဆရာ့ blog က font တွေဖတ်မရလို့ပါ။ကျွန်တော် Unicode သုံးတာပါခင်ဗျ။ Convector နဲ့ပေါင်းရတာလားခင်ဗျ။ blog မှာပဲ ပြောင်းလို့ရပါလားခင်ဗျ။

မေးခွန်းကို ဖေါင့်ပြောင်းဖတ်ပါတယ်။ သိချင်သူက ဒုက္ခခံရတယ်။ ၂၀၁၉ ခု စက်တင်္ဘာလကတည်းက လာသမျှ ၈၀% ကို ဖေါင့်ပြောင်းဖတ်ပြီး ဖြေနေရတယ်။

ယူနီကုဒ်ပါလို့ လာပြောသူလည်း တရာကျော်ပြီ။ ပွဲစားတွေရော၊ ရှေ့နေတွေရော၊ လော်ဘီသမားတွေရော၊ သူတို့ နောက်လိုက်တွေရော။

ဖေါင့်နှစ်မျိုးလုံးဖတ်နည်း ပေးတာတွေလည်း မနည်းဘူး။ တယောက်တမျိုး။ ကျွန်တော်က မတတ်ပါ။ သိတဲ့သူကိုသာ မေးပါရန်။

ဆိုင်မှာရောင်းတဲ့ပစ္စည်းသာ ဝယ်ကြရတယ်။ ကိုယ်လိုချင်တာ အဲဒီဆိုင်မှာမရှိရင် တခြားဆိုင်ပြောင်းရှာရတယ်။

ယူနီကုဒ်သုံးသူ ၉၀% လောက်ရှိမယ်။ ဆရာဝန်တွေ အများကြီးပါတယ်။

ဒေါက်တာတင့်ဆွေ
၃၀-၁၂-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး