ရွှေမင်းဂံ နှင့် ရှာတဘက်

၁။ ရှာတဘက်လား ရှံတဘက်လား ဆရာ

၂။ ရှာတဘက်လား ရှံတဘက်လား သိချင်ပါတယ်ဆရာ။ မာမာအေးဆိုတဲ့ ရွှေမင်းဂံသီချင်းမှာ ရှံတဘက်လို့ ကြားမိလို့ပါခင်ဗျ။

၃။ ရှန်တံဘတ် ကလေးခေါင်းပေါ်တင်မိရင်ပဲ သဲသဲမဲမဲ ရွာပြန်တော့

သီချင်းစာသားမှာက ရှာတဘက်ဖြစ်တယ်။ ရှံဆိုတာ ခပ်နီနီအရောင်ကို ခေါ်ပါတယ်။ ဆရာမောင်သာနိုးရေးထားကို ကိုးကားပါမယ်။ အဆိုတော် မာမာအေးကလည်း ဝန်ခံထားတယ်။

နန်းတော်ရှေ့ဆရာတင်ဆိုတာ ခေတ်ဟောင်း တေးရေးဆရာများထဲမှာ အရပ်သုံး ခေတ်ပေါ်စကားကို အလွယ်ဆုံး သုံးနှုန်း ရေးဖွဲ့တတ်သူပါ။ ဒါတောင် သူ့ရဲ့ လက်ရေတပြင်တည်းကို ရွှေဥာဏ်တော်စူးပြီး လက်ရေတပြင်စီးရယ်လို့ လုပ်လိုသူ ပေါ်ခဲ့ဖူးသေးတယ်။ ဒေါင်းလန်းကြီးနဲ့ စားကြတယ်ဆိုတော့ ထမင်းကို နှိုက်တဲ့ လက်အသီးသီးက ဟင်းရည်တွေဟာ တပြင်တည်း စီးဆင်းနေတယ်ပေါ့လေ။ နောက်မှ ဒီလိုမဟုတ်ရပါဘူး။ လက်ရည်တပြင်တည်းဆိုတာ တစိတ်တည်း တဝမ်းတည်းလို့ ဆိုလိုတာ ဖြစ်တယ်လို့ ဝိုင်းရေးကြ ထောက်ပြတော့မှ လက်ရည်တပြင်တည်းဖြစ်လာတော့တာ။ ဒါတောင် မင်းဂံဘုတ်သီချင်းထဲက တောသူမလေး ခေါင်းပေါ်တင်လိုက်တာဟာ ရှန်တဘက် မဟုတ်ပါဘူး။ ရှာတဘက် ပါလို့ အဲဒီခေတ်ကို ကောင်းကောင်းမီလိုက်သူ လူထုဒေါ်အမာက ရှင်းပြပေမယ့် ခုထက်ထိ ဒီသီချင်းဆိုသူတိုင်းက ရှန်တဘက် နေတုန်းပဲ။

ရွှေမင်းဂံ သီချင်း

ပိတုန်းရောင် ကေသာ ဖြန့်လိုက်ရင် တကိုယ်လုံး ဝေဝေဖြာဖြာ လွင်လွင် မင်းဂံဘုတ်ရွာသူများ အသားတော် ဝင်းဝင်းလို့ ဝါဝါရည်ရွှင် ကြည်ကြည်လင်လင်

ရေကြည်သောက်လျှင် မြင်ရမလောက်ပင် လည်တိုင်သေးပြီး ဘေးကြည့်ကာသာလို့ယဉ် ရွံ့ညွံထဲတွင် ကောက်ပဲသီးနှံ တဖန်စိုက်ရန် သွားကြည့်ပါသော်လည်း ယဉ်ယဉ်ယဉ် အရှေ့တပြင် ဗွေအငူ တောသူတောင်သူ အပျိုပိုင်းက နဂိုအတိုင်း ခပ်ယဉ်ယဉ် ရှုစဖွယ် နုနယ် သူ့အရွယ် သြော် နုနယ် ရှုစဖွယ် သူ့အရွယ် မှုန်မချယ်ပဲ နည်းနည်းကမှ မပြုပြင် ကိုယ်လုံးပေါ်နဲ့ ဝါဝါရည်ရွှင် ကြည်ကြည်လင်လင်

ဟိုတောင်ပေါ် ဟိုတောင်ပေါ်ရိုးဆီက မြူခိုးတွေလွင် မိုးရွာမယ် မိုးရွာမယ် မထင်မိပါလို့ ပါလာသည့် ရှာတဘက်လေး ခေါင်းပေါ် တင်မိရင်ပဲ သဲသဲမဲမဲ ရွာပြန်တော့ ခမြာလေး ပင်ပွန်းချုံဆွယ် နံဘေးမှ ပြေးကာ ဝင်သွားရှာသည်
မင်းဂံဘုတ်ရွာသူများ အသားတော် ဝင်းဝင်းလို့ ဝါဝါရည်ရွှင် ကြည်ကြည်လင်လင်

ရွှေမင်းဂံ - မာမာအေး https://www.youtube.com/watch?v=yf-2lVQ8Tqs

ဒေါက်တာတင့်ဆွေ
၂၁-၁၂-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး