ဆုထူးရွယ်


ပုံကို ဖေ့စ်ဘွတ်မှာတွေ့တယ်။ အင်လာ အစစ်လာ မသိ။ ခုနှစ်လည်း မသိ။ ပုံအစစ်ဆိုရင် အင်နယ်လ်ဒီ နာမည်ပျက်တယ်။ ရမည်းသင်း နာမည်ပျက်တယ်။ မြန်မာစာ နာမည်ပျက်တယ်။ ကထိန် နာမည်ပျက်တယ်။ ဘာသာရေးပါ နာမည်ပျက်တယ်။

စုပေါင်းလယ်ယာ၊ စုပေါင်းသမဝါယမ စတဲ့စုပေါင်းဝေါဟာရကို ဆိုရှယ်လစ်ခေတ်မှာ တွင်တွင်သုံးခဲ့တယ်။ မြန်မာစာကို သတ်ပုံပြင်တာလည်း အဲဒီခေတ်ကစတယ်။ အမိန်န့်နဲ့ ပြင်ထားသလိုသာ ရေးခိုင်းတာက စစ်အစိုးရခေတ်ကစတယ်။

အခုလည်း တကိုတစ်လုပ်ရင်ပြီးရော၊ ကျန်တာဘယ်လိုရေးရေး။ ဆိုင်းဘုတ်မှာရေးလည်း ရတယ်။ အင်နယ်လ်ဒီခေတ်မှာ မြန်မာစာဟာ ဆိုရှယ်လစ်ခေတ်နဲ့ အတူတူပဲ။ စစ်အစိုးရခေတ်နဲ့ အတူတူပဲ။

၁။ ဆရာနှင့်ဆရာမိသားစုအသက်ရှည်ကျန်းမာချမ်းသာကြပါစေလို့ စုတောင်းပေးပါတယ် (ဆုတောင်းလို့ရေးရတယ်)

၂။ ဆုတောင်း၊ စုတောင်း၊ ဘယ်စကားလုံးအမှန်ဖြစ်ပါသလဲ။ (ဆုတောင်းလို့ရေးရတယ်)

စု
စုစည်း
စုစုပေါင်း
စုတိစိတ်
စုပုံ
စုပြုံ
စုဘူး (စုဗူး)
စုရုံးရောက်ရှိ
စုရပ်သို့ကြွရောက်ပါ
စုလစ်မွမ်းချွန်
စုလျားရစ်ပတ်
စုဆောင်း
စုတေသည်
စုပေါင်းအိမ်ယာ
ပိုက်ဆံစုပါ
လူစုလူဝေး

ဆု
ဆုထူးပန်
ဆုပန်သည်
ဆုလာဘ်
ဆုတောင်းသည်
ပဌမဆု
ပထမဆု
တောင်းဆုဆန္ဒ

စုလစ်မွန်ချွန်ကို အခုခေတ်သတ်ပုံစာအုပ်တွေမှာ စုလစ်မွမ်းချွန်လို့တွေ့ရတယ်။ နန်းတော်၊ ကျောင်းတော်၊ ဇရပ် တန်ဆောင်း၊ အမိုးပြာဿာဒ်တွေမှာ တန်ဆာဆင်းထားတဲ့ အထွတ်ကိုခေါ်ပါတယ်။

ဆုထူးရွယ် https://www.youtube.com/watch?v=jHQ9LcgJ7GA

ဒေါက်တာတင့်ဆွေ
၂၄-၁၂-၂၀၁၈
၂၄-၁၂-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး