အခေါ်အဝေါ်

မေးတာတခု ရတယ်။ နိုင်ငံရေးမှာ ဦး ဒေါ် မောင် မ ဒေါက်တာ စတာတွေ သုံးသင့်ပါသလား။ ဥပမာ ဒေါ်. ..ကြည် တဲ့။

ရိုးရိုးလူအမည်တွေကို သင့်တော်တဲ့ အသက်နဲ့ ဂုဏ်အရ ရေးသား ခေါ်ဆိုသင့်ပါတယ်။

နိုင်ငံရေးနဲ့ လူမှုရေးမှာ အမည်ခေါ်တာတွေ ကွာတယ်။ ဥပမာ ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရလက်ထက်မှာ ဒေါ်စုကြည်လို့သာရေးသားတယ်။ ကေအင်န်ယူခေါင်းဆောင်ကို ဓါးပြဗိုလ်ခေါ်လိုက်၊ သူပုန်ခေါ်လိုက်၊ နောက်ဆုံးတော့ ဗိုလ်ချုပ်ကြီးစောဘိုမြ။

လူတွေကို အမည်ခေါ်ခြင်းဟာ အခေါ်ခံရသူက အပြောင်းအလဲမဖြစ်ပါ။ ခေါ်ဆိုသူရဲ့ စိတ်နေသဘောထားကတော့ အထင်းသားမြင်ရစေတယ်။

အဝတ်အစားကိုလည်း သင့်တော်တာ ဝတ်စားသွားခြင်းဟာ ဝတ်လာသူကိုသာမက သူနဲ့တွေ့ဆုံသူတွေကိုပါ ချီးမြှောက်ရာ ရောက်တယ်။

တခြားသူတွေကို တလေးတစား သင့်တော်နဲ့ အမည်နာမ ဂုဏ်ပုဒ်တပ်ခေါ်ဆိုခြင်းဟာ ခေါ်ဆိုတဲ့သူရဲ့ ကောင်းမြတ်တဲ့ ဂုဏ်ကိုပါ ထင်ပေါ်စေပါတယ်။

မှားခေါ်သူဟာ သုတနဲ့ စိတ်ထား ညံ့ဖျင်းတာကို ဖေါ်ပြတာဖြစ်တယ်။ တဦးတည်းကို ခုတမျိုးခေါ် တော်ကြာတမျိုး ခေါ်သူတွေဟာ စိတ်နေစိတ်ထား မမှန်ပါ။ တဖက်သားကို လိုတာထက်ပိုပြီး မြှောက်ပင့် ခေါ်သူမျိုးကို သတိထားပါလေ။ အမျိုးမတော်ပဲ အမျိုးစပ်ခေါ်တာတွေကို သိပ်သဘောမကျပါ။

ဒေါက်တာတင့်ဆွေ
၁၈-၁၂-၂ဝ၁၉

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး