Low Back Pain ခါးနာ သက်သာစေရန် နှင့် ရောဂါဗေဒမှာ မှင်ရောဂါမပါ

ကျွန်မအသက် ၃၅ ပါ လွန်ခဲ့သော ၅ နှစ်ကျော်က သမီးကိုဗိုက်ခွဲမွေးထားပါတယ် လွန်ခဲ့တဲ့လကစပြီး ခါးကနေ တနေရာပြီးတနေရာ ရွေ့ပြီးနာပါတယ် ကျွန်မအမေက နင်ဟာမှင်ရောဂါလို့ပြောပါတယ် မှင်ရောဂါကို အင်္ဂလိပ်လို ဘယ်လိုပြောလည်းဆရာ ကျွန်မအခု Australia မှာပါ ခါးကနေ ညှောင့်ရိုး တင်ပါးဆုံ ပေါင် ဖြည်းဖြည်းနဲ့ အောက်ကျလာပါတယ် တော်တော်နာပါတယ်ဆရာ။

မေးခွန်းမဆုံးခင် ဖြေမယ်။ မှင်ရောဂါ မင်ရောဂါကို မသိပါ။ ဆောရီး။ ဘယ်နေရာဘာ ဘယ်လိုဖြစ်နေ ဘယ်လောက်ကြာ ဘယ်လိုခံစား ဆေးစစ်ချက် စတာသိရင်တော့ ရောဂါသိနိုင်တယ်။

လွန်ခဲ့နှစ်ကတခါဖြစ်ဖူးပါတယ် အခုတခေါက်ဖြစ်တာပိုကြာပိုနာနေလို့ပါဆရာ အရင်ကဆရာဝန် အဲဒီ အကိုက်အခဲပျောက်ဆေးပဲ ပေးပါတယ် ခုတခေါက်ဆေးခန်းတော့မပြရသေးပါ အဲဒီဆေးပဲ ပြန်သောက်တာ မသက်သာလို့ပါ မြန်မာတွေတော်တော်များများနင့်ဟာကမင်ရောဂါလို့ပြောကြလို့ပါ

ရောဂါဗေဒမှာ မှင်ရောဂါမပါ။

Low Back Pain ခါးနာ သက်သာစေရန် https://doctortintswe.blogspot.com/2019/01/low-back-pain.html
Lumbar spondylosis ခါးရိုးကျီးပေါင်းတက်ခြင်း http://doctortintswe.blogspot.com/…/12/lumbar-spondylosis.h…
Sciatica (1) အကြောနာ (၁) http://doctortintswe.blogspot.com/2014/11/sciatica.html
Sciatica (2) အကြောနာ (၂) http://doctortintswe.blogspot.com/2014/11/sciatica-2.html
Surgery for chronic low back pain နာတာရှည်ခါးနာခြင်းနဲ့ ခွဲစိတ်ခြင်း https://doctortintswe.blogspot.com/2015/06/surgery-for-chronic-low-back-pain.html

မေးခွန်း သတ်ပုံမှန်တယ်။ ကွန်ဂရက်ကျူလေးရှင်း။

ဒေါက်တာတင့်ဆွေ
၂၇-၁၂-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး