Friday, December 20, 2019

အဘိဓာန် စွယ်စုံကျမ်း နှင့် အွန်လိုင်းစာအုပ်များ

အဘိဓာန်သစ်တွေထုတ်တာ တွေ့မိတယ်။ ကျွန်တော့်ခေတ်က တကယ်ကိုပညာတွင်းနက်ခဲ့တယ်။ အွန်လိုင်း မပေါ်သေးပါ။ ပညာကို တွင်းတူးသလိုရှာကြရတယ်။

၅ တန်းရောက်မှ အေဘီစီစတယ်။ ဒေရှင်နရီ ခေါ် အဘိဓာန်ကို အလယ်တန်းလောက်ရောက်မှ စကိုင်တတ်တယ်။ အင်္ဂလိပ်-မြန်မာ အဘိဓာန်တအုပ် ၃ ကျပ်ပေးရတယ်။ ကိုးတန်းရောက်တော့ လန်းနားစ်ဒေရှင်နရီ တအုပ် ၉ ကျပ်။

အွန်လိုင်းတွေပေါ်လာလည်း လက်နဲ့ဆုပ်ကိုင်ဖတ်ရတဲ့စာအုပ်ခေတ် တိမ်ကောသွားစရာ မရှိပါ။ စာအုပ်စဉ်ခေတ်၊ စာကြည့်တိုက်ခေတ်လည်း ပျောက်သွားစရာ မရှိ။ အကိုးအကား ပိုသေချာတာကို အဲလိုစာအုပ်တွေကနေသာ ယူကြရတယ်။ ဒါပေမဲ့ အကိုးအကားစာအုပ်တွေက မှားနေရင် စာဖတ်သူတွေ မှားကြမယ်။

အွန်လိုင်းမှာ မြန်မာ့စွယ်စုံကျမ်းအစ အဆုံးတင်ထားတာတွေရှိတယ်။ မူရင်းအတိုင်းတင်တာရှိသလို သတ်ပုံပြင် တင်တာတွေလည်း တွေ့တယ်။ နမူနာတခုသာတင်ပြပါမယ်။ အတွဲ (၁) စာမျက်နှာ (၁)။

ကကတစ်
မူရင်းစာအုပ် = ကကတစ်သည် မြန်မာနိုင်ငံ ကမ်းရိုးတလျှောက်၌တွေ့ရသော အရေးကြီးသည့် စားငါးတမျိုးဖြစ်သည်။

အွန်လိုင်းစာအုပ် = ကကတစ်သည် မြန်မာနိုင်ငံ ကမ်းရိုးတစ်လျှောက်၌တွေ့ရသော အရေးကြီးသည့် စားငါးတစ်မျိုး ဖြစ်သည်။ တ နှစ်လုံးကို တစ် လို့ပြင်ထားတယ်။

ကကုသန်မြတ်စွာဘုရား
မူရင်းစာအုပ် = ဘုရားငါးဆူပွင့်ရာ ဤဘဒ္ဒကမ္ဘာအတွင်း ပွင့်တော်မူခဲ့ပြီး ဘုရားလေးဆူအနက် ပဌမဆုံးပွင့်တော်မူသော ဘုရားရှင်ဖြစ်သည်။

အွန်လိုင်းစာအုပ် = ဘုရားငါးဆူပွင့်ရာ ဤဘဒ္ဒကမ္ဘာအတွင်း ပွင့်တော်မူခဲ့ပြီး ဘုရားလေးဆူအနက် ပထမဆုံး ပွင့်တော်မူသော ဘုရားရှင်ဖြစ်သည်။ ပဌမ ကို ပထမ လို့ပြင်ထားတယ်။

မြန်မာ့စွယ်စုံကျမ်းတွေ အသစ်ပြန်ထုတ်မယ်တဲ့။ အကြောင်းအရာသစ်တွေနဲ့ ပိုမှန်တဲ့အချက်အလက်တွေ ဖြစ်စေချင်တယ်။ မူလသတ်ပုံမှန်တွေကို အွန်လိုင်းကလို အမှားတွေ မလုပ်စေလိုပါ။ တစသတ် ဘုန်းတော်ဘွဲ့ဖြစ်မှာ စိုးရိမ်မိတယ်။ အဘိဓာန်တွေလည်း အမှားကင်းပါစေ။

အွန်လိုင်းမှာ ဒေါင်းလုဒ်စာအုပ်တွေ ၉၀% လောက်က သတ်ပုံပြင်ထားကြတယ်။ အမှားဖြစ်အောင် အချိန် လူ ငွေ အတော် အကုန်ခံထားကြတယ်။ ကွန်ပြူတာသာတတ်ပြီး မြန်မာစာမတတ်သူတွေ။ မြန်မာစာအပေါ် စေတနာမရှိသူတွေ။

ဒေါက်တာတင့်ဆွေ
၂၀-၁၂-၂၀၁၉

No comments:

Post a Comment

Note: Only a member of this blog may post a comment.

Taxila တက္ကသိုလ်

Taxila တက္ကသိုလ် ခေါ် တက္ခသိုလ် ခေါ် တက္ကသိလာ ၁။ ဆရာခင်ဗျာ တက္ကသိုလ်လား တက္ကသိုလား ခင်ဗျာ ၁၉၆၂ ခု ဇူလိုင်လထုတ် သတင်းစာပါ တက္ကသို စာလုံးကို မေး...