အမျိုးသားစာပေဆုရ ကဗျာစာအုပ်နဲ့ ကဗျာဆရာအမည်များ

၁၉၆၂ ကချေသည်နှင့် အခြားကဗျာများ ဘုတလင်ချစ်လေး
၁၉၆၃ လမင်းတရာ ကဗျာများ (ပ) ကြည်အောင်
၁၉၆၄ အနီနှင့် အပြာ ကဗျာများ (ပ) မောင်စွမ်းရည်
၁၉၆၅ လမ်းသစ်ကဗျာများ (ပ) ကိုလေး (အင်းဝဂုဏ်ရည်)
 ပွင့်တမာမြိုင် ကဗျာများ (ဒု) မုံရွာဝင်းဖေ
 ရေလှိုင်းပြာကဗျာများ (တ) နုယဉ်
 မုတ်သုံဦးကဗျာများ (စ) မောင်ငြိမ်းသူ
၁၉၆၆ တောင်ကျချောင်းတေး ကဗျာများ (ဒု) မောင်ဖြိုးဝေ
 သစ္စာလမ်း၌ ပန်းဖူးချိန် ကဗျာများ (တ) ခင်သန့်စင်
၁၉၆၇ လူသားနှင့် ဝန်းကျင် ကဗျာများ (ပ) မျိုးမြင့်ဆွေ
 သမီးပေးယာ (ဒု) ချစ်ဒေါင်းနွယ်
၁၉၆၈ အတ္တဆိုင်ရာ ဘဝကဗျာများ(ဒု) မြေလတ်ကျော်စိန်
 ပြည်သူ့အားမာန် မိုးယံသို့ချီ (တ) ပုသိမ်မောင်စိမ်းသူ
 ပန်းပေါင်းဝေဆာ ကဗျာများ မောင်မွန်နွယ်(ရွှေဝယ်)
၁၉၆၉ ထပ်တရာ ကလေးကဗျာများ နုယဉ်
၁၉၇၀ ထီးကလေးနဲ့ မနီ တင်မိုး
၁၉၇၁ ထုံဝတ်လွာ နုယဉ်
၁၉၇၂ ရေခပ်ချိန် ကဗျာများ မင်းယုဝေ
၁၉၇၃ အိုးဖုတ် ဂျိုးရုပ် ကလေးကဗျာများ မောင်သက်ကြူ
၁၉၇၆ သားသားလေးအတွက် ကလေးကဗျာများ သိပ္ပံ စိုးမြင့်နိုင်
၁၉၇၇ ခယောင်းမြေမှ ရွှေတခက် နုယဉ်
၁၉၇၈ မြသားနီလာ ကဗျာများ သူရဇော်
၁၉၇၉ စမ်းရေစီးသံ ကဗျာများ မောင်ကြင်နွယ်
၁၉၈၁ သံလွင်ကမ်းမှ ပန်းအိပ်မက် မြင်းမူမောင်နိုင်မိုး
၁၉၈၂ ထနောင်းရိပ်က ချိုးကူသံကဗျာများ တက်လူ
၁၉၈၈ မောင်ယဉ်နွယ် ရိုးမအလှကဗျာများ
၁၉၉၀ မောင်ကြင်နွယ် အမေ့အိမ် အမေ့ရွာ
၁၉၉၁ မြင်းမူမောင်နိုင်မိုး နာဂတောင်တန်း ပွင့်တဲ့ပန်းနှင့် အခြားကဗျာများ
၁၉၉၂ ညွန့်ဝေ (ကသာ) စိတ်ပြတင်းကဗျာများ
၁၉၉၃ နောင် မနက်ဖြန်အတွက် လှလက်ဆောင်
၁၉၉၄ ဇော်မင်းမင်းဦး တေးမြ ခွန်းဆက်ကဗျာများ
၁၉၉၅ တက္ကသိုလ်မြတ်သူ ရွှေစောင်းသံကဗျာများ
၁၉၉၆ ကို (တက္ကသိုလ်) အလှဆုံးနှလုံးသား ကဗျာများ
၁၉၉၇ မောင်ဟေမာ နွယ်တကြိုးနှင့် ပိုးတဆင်ကဗျာများ
၁၉၉၈ မြင်းမူမောင်နိုင်မိုး ခရောင်းလမ်းနှင့် ပန်းသပြေကဗျာများ
၁၉၉၉ ကျော်စောဟန် ဗေဒါ၏မုဒိတာနှင့် ခြွေခြွေ ခူးခူးဝေဦးမှာ ကဗျာစု
၂၀၀၁ မြင်းမူမောင်နိုင်မိုး နွေမိုးဖျန်းပက် ပန်းတခက်ကဗျာများ
၂၀၀၂ ဇော်မင်းမင်းဦး ပထမဆုရ ကဗျာများ
၂၀၀၃ စလင်းဘုန်းကျော် မေတ္တာရပ်နန်း ပန်းရောင်စုံကဗျာများ
၂၀၀၄ ရွှေမြိုင်မောင်ဖူးဝါ ရေကြည်တမှုတ် ပန်းတဆုပ် ကဗျာများ
၂၀၀၅ ဇာနည် ဗီဇ အလင်းငှက် ကဗျာများ
၂၀၀၆ မြင်းမူမောင်နိုင်မိုး ဘဝကျောင်းမှ စောင်းခတ်သံ ကဗျာများ
၂၀၀၇ သန်းအောင် အညာမြေ အမေ့အလှ ပန်းအလှ
၂၀၀၉ မောင်နီဝင်း (ပခုက္ကူ) စိမ့်စမ်းရေကြည် ကဗျာများ
၂၀၁၀ မြင်းမူမောင်နိုင်မိုး အလွမ်းသတင်း ပန်းတခင်း ကဗျာများ
၂၀၁၁ ငှက်ကလေး၏ တေးချိုချို ကဗျာများ ပျဉ်းမနား မောင်နီသင်း
၂၀၁၂ မြကန်သာကဗျာပေါင်းချုပ် ကို (တက္ကသိုလ်)
၂၀၁၃ ပွဲဝင်စေတနာ မေတ္တာမော်ကွန်းနှင့် အခြားကဗျာများ မောင်လွမ်းနိုင် (စံပယ်ငုံ)
၂၀၁၄ မိုးဦးလေဦး ကဗျာများ မောင်လင်းကြည်
၂၀၁၅ ပန်းနုကြည်ပြာကဗျာများ ဇော်မျိုးဟန် (ငါးသိုင်းချောင်း)
၂၀၁၆ ရန်ကုန်ကိုအလစ်မပေးနဲ့ ဒေလီယာ ကိုရွေး
၂၀၁၇ အင်းဝသို့ရင်ခုန်ခြင်း ကဗျာရှည် မနီတာ
၂၀၁၈ ညဉ့်ပုံပြောသူ ကိုသန်းထွန်း နှစ်ကာလများစာပေ

ကဗျာဆုရစာအုပ်နဲ့ ကဗျာဆရာအမည်တွေကို ဝီကီပီးဒီးယားမှာ မူလသတ်ပုံနေရာမှာ ပေါ်လစီသတ်ပုံနဲ့ တင်ထားတယ်။ အဲလို မလုပ်ကောင်းပါ။

စိတ်သစ်ပင် စာအုပ်စင်ဖေ့စ်ဘွတ်မှာ အမျိုးသားစာပေ ကဗျာဆု လာရာနှင့် လားရာ (ခင်မြဇင်) လို့တွေ့တယ်။ အဲဒီ ဆောင်းပါးမှာ စာရေးသူကသာ တစ်သတ်ပုံနဲ့ရေးပြီး ဆုရစာအုပ်အမည်တွေကို မူရင်းသတ်ပုံအတိုင်း ရေးတင်ထားတယ်။ ဒါပေမဲ့ သူတည်းတယောက်၊ ကောင်းဖို့ရောက်မူ သူတယောက်မှာ၊ ပျက်လင့်ကာသာ ဓမ္မတာတည်း လင်္ကာကိုလည်း ပေါ်လစီသတ်ပုံနဲ့ ရေးတင်ထားတယ်။ အဲလို မလုပ်ကောင်းပါ။ ကိုယ့်စာကိုယ့်သတ်ပုံနဲ့ရေးတာ ပြောရန် မရှိပါ။ အနန္တသူရိယအမတ်ကြီးရေးတာကို မြန်မာ့စွယ်စုံကျမ်းမှာ သတ်ပုံမှန်အတိုင်းသာ ရိုက်နှိပ်ထားပါတယ်။

၁၉၆၂ ခုနှစ်မှာဆုရတဲ့ ကချေသည်နှင့် အခြားကဗျာများကို ရေးသားသူ ဘုတလင်ချစ်လေးက ကျွန်တော်တို့ကို မြန်မာစာ သင်ပေးပါတယ်။ ဆု ၄ ကြိမ်ရတဲ့ မြင်းမူမောင်နိုင်မိုးနဲ့က တမြို့တည်းမှာ တာဝန်ကျခဲ့တယ်။ ကြည်အောင်၊ ကိုလေး (အင်းဝဂုဏ်ရည်) တို့နဲ့ နယ်ချင်းကပ်နေထိုင်ခဲ့တယ်။ မုံရွာဝင်းဖေ၊ မောင်စွမ်းရည်၊ ဆရာတင်မိုးနဲ့လည်း ရင်းနှီးပါတယ်။

တင်ပြလိုတာက မြန်မာစာသတ်ပုံမှန်နဲ့ ရင်းနှီးခြင်းသာ ဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၂-၁၂-၂ဝ၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး