Friday, December 20, 2019

နိုင်ငံတော်အမှားများ



ဆရာရေ တစ်ထောင်ကျပ်ပဲတဲ့။

ကျွန်တော် မြန်မာစာသတ်ပုံတွေထောက်ပြနေတာမှာ အဓိကကတော့ ၁၉၈၁ ခုနှစ်နောက်မှာ အမိန့်နဲ့ပြင်လိုက်တာတွေ မှားနေတာတွေကို အကိုးအကားပုံတွေနဲ့တင်ပြပါတယ်။ တကို တစ်လုပ်တာသာမကပါ။ ငွေစက္ကူတွေလည်းပါတယ်။

မြန်မာ-အင်္ဂလိပ်အဘိဓာန် = နိုင်ငံ
အင်္ဂလိပ်-မြန်မာအဘိဓာန် = နိုင်ငံ
ကျပ် ၁ဝဝဝဝ တန်ငွေစက္ကူ = နိုင်ငံ

 - တချောင်းတည်းသာဆွဲရင် အလယ်တည့်တည့်ကနေသာ တချောင်ငင်က ထွက်ရမယ်။ အခုဟာ အဲလိုမဟုတ်ပါ။ ဓါတ်ပုံရိုက်ပြထားတာတွေကို ယှဉ်ကြည့်ရင် ကွဲလွဲတာကိုမြင်နိုင်ပါတယ်။
- (နု) ကိုသာအသုံးများတယ်။ (နူ) နဲ့ (နှု) တွေကမှားတယ်။
- (နု) ကမှားတော့ မမှားပါ။ မမှားအုံးတော့ အစိုးရထုတ်တွေမှာ မတူဖြစ်နေတယ်။ ဘယ်အရာမဆို (ကွန်ဆစ်စတင်စီ) ခေါ်တဲ့ တသမတ်တည်းကျမှု လိုတယ်။

ဂဏန်း (၇) ကို စာနဲ့ရေးရင် ခုနစ်လို့ရေးရတယ်။ ၇၅ ကျပ်တန်မှာ ခုနှစ်ဆယ့်ငါးကျပ်လို့ရိုက်ထားတာ မှားတယ်။ ၇၅ ကို ခုနစ်ဆယ့်ငါးလို့သာ ရေးရတယ်။

နိုင်ငံတော်အမှား ပြင်စရာတွေ များတယ်။

ဒေါက်တာတင့်ဆွေ
၂၀-၁၂-၂၀၁၉

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆိုရှယ်လစ်ခေတ်၏ ကောင်းကွက်ကိုရှာခြင်း

လုပ်သားပြည်သူနှင့် ဦးကြီးဟု အခေါ်ခံရသူများ၏ စကားဝိုင်းမှာ ပြောကြတယ်။ လုပ်သားပြည်သူ- အဲဒါ ငစိန်နဲ့ မီးဒုန်းခေတ် ဦးကြီး - ဆန်တပြည် ၆၅ ပြ...