အများနဲ့ တယောက်ထဲ အများလွန်တယ်ထင်ပါတယ်


ရေးသူ သန်းထွန်း

မဂ္ဂဇင်း စာတည်းတွေက နံမယ်ရှေ့က ဒေါက်တာတပ်ကြတာ တဲ့။ သဘောမတူပါ တဲ့။ အများနဲ့ တယောက်ထဲ အများလွန်တယ်ထင်ပါတယ် တဲ့။

ဆရာသန်းထွန်း အဲလိုရေးခဲ့တာက ၃၀-၃-၁၉၉၇ နေ့ကဖြစ်ပါတယ်။ မြန်မာစာသတ်ပုံမှာ တကိုတစ်လုပ်စေတာ ၁၉၈၁ လောက်ကစတယ်။ မဆလ ခေတ်ပါ။ အတင်းမဖြစ်မနေ ဆင်ဆာအဖွဲ့က တစ်လုပ်ခိုင်းတာကတော့ နအဖ-နဝတ စစ်အစိုးရလက်ထက်က စပါတယ်။

ဆရာသန်းထွန်းက နဝတ ခေတ် ၁၉၉၇ မှာကို တယောက်ထဲလို့ ရေးရဲတယ်။ ခေတ်အတန်အသင့်တော့ ပြောင်းလာပြီ။ သတ္တိနည်းသူတွေက အလွန်တရာများလှတယ်။

အများနဲ့ တယောက်ထဲ အများလွန်တယ်ထင်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၄-၁၂-၂၀၁၈
၂၄-၁၂-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး