ပညာရေစက်


အမှတ်တရနေရာတွေ လူတိုင်းမှာရှိကြတယ်။ စာသင်ခဲ့တဲ့ကျောင်းတွေလည်း ပါတယ်။ ကျွန်တော်တို့ မနှစ်ကနွေရာသီမှာ အလည်ပြန်စဉ်က မုံရွာအထက်တန်းကျောင်းမှာ ဓါတ်ပုံရိုက်ခဲ့တယ်။ မတင်တင် ခေါ် မြမြအေးစာသင်ခဲ့တဲ့ မန္တလေး တက္ကသိုလ်ကိုလည်း အဲလိုပဲ။ ဝိဇ္ဇာပညာနဲ့ ရေစက်ပါတာ အဲတာကြောင့်။

မန္တလေးဆေးတက္ကသိုလ် ကျောင်းခန်းတွေထဲတော့ မဝင်ဖြစ်ခဲ့ပါ။ ကျောင်းဝင်းထဲတော့ တပတ်လှည့်ကြည့်ကြတယ်။ ကျောင်းသားတွေမရှိ သစ်ပင်ချုံနွယ်တွေသာရှိတယ်။ သမိုင်းအစစ်ကို မတင်တင် သင်ယူခဲ့တယ်။

မန္တလေးဆေးရုံကြီးကိုလည်း ရောက်ခဲ့ပြီး ဓါတ်ပုံရိုက်ပါတယ်။ နေမကောင်းလို့ မေးကြတာတွေကို ဖြေနိုင်တာ အဲဒီ ဆေးကျောင်းနဲ့ ဆေးရုံတွေကနေ သင်ပေးလိုက်တယ်။

လေးတန်းအထိ စာသင်ခဲ့တဲ့ မုံရွာ ထန်းလေးပင်မူလတန်းကျောင်းကိုလည်း တကူးတကရှာပြီး ရောက်အောင် သွားခဲ့ပါတယ်။ အခုလို မြန်မာစာရေးနိုင်တာ အဲဒီကျောင်းကနေ သင်ပေးလိုက်တယ်။

သတ်ပုံပြင်သင်တဲ့ကျောင်းမျိုး တကြိမ်တခါမှ မတက်ခဲ့ဘူးပါ။

ဒေါက်တာတင့်ဆွေ
၂၅-၁၂-၂ဝ၁၈
၂၅-၁၂-၂၀၁၉

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး