Mistake ဘယ်အရာကို အမှားဟုခေါ်သနည်း
သတ်ပုံအကြောင်းပို့စ်တခုအောက်မှာ ကွန်မင့်တခုက ဟုတ်ပါတယ်ဆရာ ကြာတော့အမှားကအမှန်ဖြစ် တဲ့။
အမှားဆိုတာ ဘယ်တော့မှ အမှန်မဖြစ်နိုင်။ အမှားကို အမှန်ထင်တာသာရှိပါတယ်။
If you make a mistake and do not correct it, this is called a mistake. (Confucius)
ကွန်ဖြူရှပ်စ်က ပြောပါသတဲ့။ အကယ်၍ သင်သည် အမှားကိုပြုလုပ်ပြီး မှန်အောင်မပြင်ပါက အဲတာကို အမှားလို့ ခေါ်တယ်။
It is a capital mistake to theorize before one has data. Insensibly one begins to twist facts to suit theories, instead of theories to suit facts. (Sir Arthur Conan Doyle, Sherlock Holmes)
ရှားလော့ဟုမ်း ခေါ် ဦးစံရှားကိုရေးတဲ့ ဆာအာသာကော်နင်ဒွိုင်းက ရေးပါတယ်။ ဒေတာ ခေါ် အချက်အလက်တွေ မရှိသေးပဲ သီအိုရီ ခေါ် ကောက်ချက်ဆွဲခြင်းသည် မဟာအမှားဖြစ်၏။ အဲလိုလုပ်သူဟာ သူ့ကောက်ချက်နဲ့ ကိုက်ညီစေအောင် အချက်အလက်တွေကို လိုရာဆွဲယူလိမ့်မယ်။ တကယ်တော့ အချက်အလက်မှန်ကနေရတဲ့ သီအိုရီသာ ဖြစ်ရမယ်။
အမှားကြာ အမှန်မဖြစ်ပါ။
ဒေါက်တာတင့်ဆွေ
၂၀-၁၂-၂၀၁၉

Comments
Post a Comment