တညတုန်းက
သိန်းဖေမြင့်က ၁၉၆၆ ခုနှစ်မှာ တညတုန်းကလို့ ရေးတယ်။ မင်းတိုင်ပင်လည်း ပါတယ်။ စာအုပ်ကို ပုလဲစာပေက ထုတ်တယ်။
ကျွန်တော်ဟာ ၁၉၉၀ ခုနှစ်မှာ တညတုန်းက ပုလဲမြို့နယ် မင်းတိုင်ပင်ကနေ ခရီးရှည်ကြီး စတင်ထွက်ခွါခဲ့ပါတယ်။
တညတုန်းက အမတ်အဖြစ် အရွေးခံရကြောင်းကြေညာ၏။ တညတုန်းက လာဖမ်းကြ၏။ တညတုန်းက ထွက်ပြေးရ၏။
တညတုန်းက တိုင်းပြည်တခုကို ပြောင်းနေဘို့ရာ ထွက်ခွါခဲ့ရ၏။ တညတုန်းက နောက်တိုင်းပြည်တခုကို ပြောင်းနေဘို့ရာ ထွက်ခွါခဲ့ရ၏။
ကျွန်တော်ဟာ တညတုန်းကလို့ ရေးတဲ့ခေတ်မှာ မြန်မာစာသင်ခဲ့ရ၏။ တစ်ညတုန်းကလို့ရေးလာကြတဲ့ခေတ်မှာ လသည် ညစ်ထေးနေပါ၏။
တညတုန်းက လသာ၏။ တညတုန်းက လကွယ်၏။ မြန်မာစာ ကြည်လင်တဲ့လ သာနိုင်ပါစေသတည်း။
ဒေါက်တာတင့်ဆွေ
၁၈-၁၂-၂ဝ၁၉

Comments
Post a Comment