ခင်ဗျား

ခင်များ ခင်ဗျား ဆိုတာလေးလည်း သိချင်ပါတယ်ဆရာ။

ဗျား
ခင်ဗျား
ခင်ဖြား (ခင်ဖရား)
ခင်ဗြား (ခင်ဗရား)
ခင်ဘြား (ခင်ဘုရား)

များ
များပြားသည်
များများစားစား
များစွာသော
များဗိုလ်လူ
အနည်းအများ
များလျားကျ

ခေါ်ရင် ဗျာလို့ထူးတယ်။ ခင်ဗျာလို့ထူးတယ်။ စကားကိုအလွယ်ပြောရာကနေ ခင်မျာ ခင်မြာလို့လည်း အသံထွက်လာကြတာရှိတယ်။ ဗျာထူးလို့ရှိတယ်။ မောင်မောင်ခေါ်တုန်းက ဗျာမထူးဆိုတဲ့စကားရှိတယ်။

ဆရာ မြသန်းတင့်က လမင်းကို ထရံပေါက်မှကြည့်ခြင်းထဲမှာ သည်လိုရေးထားတယ်။ ခင်ဗျား ခွဲချေထုထောင်းပြီး အရည်ကျိုရမယ့် ကျောက်ခဲတုံးတွေဟာ စာရေးဆရာရဲ့ စကားလုံးတွေ ဖြစ်ပါတယ်။ ခင်ဗျားသုံးရမယ့် ပေါက်တူးတွေ ဂေါ်ပြားတွေဟာ ခင်ဗျားရဲ့ အလေးထားမှု၊ စိတ်အားထက်သန်မှု၊ စိတ်ရှည်မှု၊ ပညာအခံတို့ ဖြစ်ပါတယ်။ ခင်ဗျားရဲ့ မီးဖိုဟာ ခင်ဗျားရဲ့ ကိုယ်ပိုင်စဉ်းစားဥာဏ်၊ ကိုယ်ပိုင်အတွေးအခေါ် ဖြစ်တယ်။ ရွှေရှိမယ်လို့ ထင်ရတဲ့ စာအုပ်ကို ခင်ဗျားဖတ်ပြီး၊ ခင်ဗျားပညာအခံနဲ့ ခင်ဗျား မျှော်လင့်ချက်ဆိုတဲ့ ပေါက်တူးတွေ ဂေါ်ပြားတွေနဲ့တူးပြီး၊ အဲဒါတွေကို ခင်ဗျား ကိုယ်ပိုင်ဥာဏ်၊ ကိုယ်ပိုင်အတွေးအခေါ်ဆိုတဲ့ မီးဖိုပေါ်မှာ ကျိုလိုက်ပြီ။

ဒေါက်တာတင့်ဆွေ
၁၉-၁၂-၂၀၁၉

Comments

Popular posts from this blog

Menoral ဟော်မုန်းဆေးတမျိုး

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

ပုတ် နှင့် ပုပ်